မြန်မာပြည်မှာ ကံအကောင်းဆုံးဖြစ်နိုင်တာက
ကျွန်တော်တို့ generation ပဲ။
တရုတ်လိုဆို နဂါးနှစ်ပေါ့။
ငယ်တဲ့သူဆို မြွေနှစ်ပေါ့။
ငယ်ငယ်က နဂါးနှစ်မွေးတော့
အားချန့်လုံ့ (强龙) တဲ့။
၇ တန်းလောက်ဆို computer စပေါ်ပြီ
ကျောင်းမှာစ “ကြည့်”လို့ရပြီ။
ကိုယ့် crush နာမည်နဲ့ ကိုယ့်နာမည်
software ထဲထည့် ဘယ်လောက်နီးစပ်မလဲ
တွက်ချက်တဲ့ အချိန်ပေါ့။
၈ တန်းဆို Stephen Hawking ရဲ့
ကမ္ဘာ့တွင်းနက်ကြီးများအကြောင်း
ကိုယ့်သူငယ်ချင်းတွေ ဖတ်တဲ့အချိန်။
ကိုယ်က အဲ့ဒီ physics တွေစိတ်မဝင်စားဘူး။
ဘာရောင်းရမလဲ စဉ်းစားနေတဲ့အချိန်။
၁၀ တန်း ဆန်းတယ် သတိထား၊
ကြိုးစားဆိုတဲ့ စကားနဲ့ ဆယ်တန်းပြီး
Internet cafe ရဲ့ MIRC chat room မှာ
Asl pls တွေ အားမရတော့
AOL နဲ့ meboo chat တွေ
တရုတ် QQ chat တွေနဲ့ ပျော်မွေ့တဲ့အချိန်။
plant dot com mm တို့ ခေတ်။
Ning မှာ blog တွေရေး
Internet journal ခေတ်စားပြီး
Barcamp တွေစလုပ်
2010 FTTH စရောက်တဲ့အချိန်တွေပေါ့။
Android Vs iPhone ပွဲဆူအောင်လုပ်
smart phone တွေအတွက် ရင်ခုန်ရတဲ့အချိိန်။
2014 မှာ smart တွေအသုံးများလာ
SIM card တွေ စျေးပေါ visa ကဒ်တွေရောက်လာ
digital marketing ခေတ်စားတဲ့အချိန်
ကျွန်တော်တို့ generation အက အသင့်ပေါ့။
ဒါကြောင့် 1988 to 1995 ပိုင်းက
ဒီခေတ်ရေစီးကြောင်းနဲ့ အရမ်းကြိုးစားစရာကို
သိပ်မလိုခဲ့ပဲ နေရာတစ်ခုရလာတာ။
အမှန်တော့ timing က အရေးအကြီးဆုံးပဲ။
Bill Gates နဲ့ Steve Jobs နှစ်ယောက်စလုံးက
1955 မှာ မွေးခဲ့ကြတယ်။
Baidu CEO Robin Lee – 17 November 1968
Xiaomi CEO Lei Jun – 16 December 1969
ဒီ trend တွေကိုကြည့်လေလေ မြင်လေလေ
ဖြစ်လိမ့်မယ်။
ဒါကို Malcom Gladwell က Outlier မှာလဲ
ဒီ hypothesis ကို ဖော်ပြထားတယ်။
ကိုယ့်အချိန်နဲ့ ကိုယ့်အားသာချက်
အကောင်းဆုံးအသုံးပြုနိုင်ဖို့လိုတာပဲ။
ဘဝမှာ လှိုင်းလုံးတစ်လုံးမှီဖို့တော့လိုတယ်။
ဒါမှ အထက်ကိုရောက်သွားမှာ။
Phyo Paing @ Derek