ဝင်ငွေအတွက် ၄ ခုကို အဓိကထားတယ်။
၁။ ကိုယ်တိုင်ဦးစီးတဲ့အလုပ်
၂။ ကိုယ်မပါပဲ လည်ပတ်နေတဲ့
နောက် ၁၅ နှစ်နေရင် ပေါက်ကွဲမှုအားကောင်းတဲ့
လုပ်ငန်းနယ်ပယ်တစ်ခုကို အုပ်စိုးထားတဲ့
မဟာဗျူဟာမြောက် ရင်းနှီးမြုပ်နှံမှု
၃။ စျေးကွက်အပြောင်းအလဲပေါ်မှာ
ဝယ်ရောင်းကရမည့်ဝင်ငွေအပေါ်ရင်းနှီးမြုပ်နှံမှု
၄။ ရေရှည်အတွက် အိမ်ခြံမြေမှာရင်းနှီးမြုပ်နှံမှု
ပထမတစ်ခုက လက်ရှိဝင်ငွေအတွက်။
ကိုယ့်ပျော်ရွင်မှု၊ ရည်မှန်းချက်၊
သမိုင်းပေးတာဝန်နဲ့ လုပ်ချင်တဲ့
အပြောင်းအလဲတွေအတွက်။
ဒုတိယတစ်ခု နိုင်ငံပြန်ကောင်းတဲ့အခါ
ရှယ်ယာပြန်ရောင်းဖို့။
ချမ်းသာကြွယ်ဝမှုကြီးကြီးတည်ဆောက်ဖို့။
တတိယတစ်ခုက မငြိမ်တဲ့စျေးကွက်
အပြောင်းအလဲက ရမည့်ဝင်ငွေ။
နောက်တစ်ခုက လုပ်ငန်းတွေ
ဘယ်လောက်ပြဿနာဖြစ်ဖြစ်၊ ရပ်ရပ်
အခြေချစရာတစ်ခုအတွက်။
ဒါတွေလုပ်ဖို့ တစ်ယောက်တည်းအားနဲ့မရဘူး။
တတ်ကျွမ်းနားလည်ကျွမ်းကျင် သူတွေရဲ့အားလိုတယ်။
ကိုယ်က နေရာတကာဆရာမကျနိုင်ဘူး။
ဒီတော့ ကိုယ့်ရဲ့ မဟာဗျူဟာအကွက်တွေကို
သေချာချဖို့လိုတယ်။
လူတိုင်းမှာ မတူညီတဲ့ ငွေကြေးစီမံခန့်ခွဲမှု
Personal Finance Philosophy ရှိလိမ့်မယ်။
ကိုယ့်အတွက်ကတော့ ကိုယ့်ဘဝ
ကိုယ်ပဲတည်ဆောက်လာရတော့
ဥစ္စာကိုစောင့်ဖို့ ဥာဏ်ပဲသုံးရတယ်။
Phyo Paing @ Derek