Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဝန်ထမ်းခန့်ဖို့ HR Plan

ဝန်ထမ်းခန့်တော့မယ်ဆိုရင် သိသင့်တဲ့ HR Plan ခြောက်ဆင့်

1. Human resource needs ကိုသတ်မှတ်ပါ။ ဥပမာ အလုပ်ခန့်မည့်လူအရေအတွက်၊ အရည်အချင်း၊ လိုအပ်တဲ့အလုပ်အတွက် position နှင့်အသုံးပြုမည့် Budget။ တစ်နည်းအားဖြင့် Job Description (JD) နဲ့ Job requirement ပါ။ ဒါကတော့ Strategic Plan တစ်ခုလုံးပေါ်မှာမူတည်ပါတယ်။ ဥပမာ ကိုယ် ခန့်မှန်းထားတဲ့ ရောင်းအား forecasted sale သို့ production target သို့ အနာဂတ်ရည်ရွယ်ချက်။

2. Recruitment Strategy ကိုစဉ်းစားပါ။ ဘယ်လိုနည်းလမ်းနဲ့ အလုပ်လျှောက်မည့်သူတွေကိုဆွဲဆောင်မလဲ? အရေအတွက်တင်မကပဲ ကိုယ့်အလုပ်အတွက် တကယ့် qualify ဖြစ်မည့်သူတွေကိုဘယ်နည်းနဲ့ရှာမလဲ? ဥပမာ သတင်းစားကကြော်ငြာရင်တောင် တကယ့် Company ကြီးတွေဖြစ်တဲ့ Coca Cola တို့ဆိုရင်ဖြင့် Myanmar Times တို့ကကြေငြာသလို Telenor တို့ Ooredoo တို့လို Company တွေအနေနဲ့ LinkedIn လို Social Media ကကြော်ငြာကြပါတယ်။ ဒါ့အပြင် အလုပ်အကိုင် recruitment agency တွေကတစ်ဆင့်လည်း CV များ collect လုပ်နိုင်ပါတယ်။ ဒီအတွက်တော့ အခကြေးငွေတစ်ခု agency ကိုပြန်ပေးရပါမယ်။ တချို့ကတော့ ဝန်ထမ်းဟောင်းတွေက တစ်ဆင့် သူတို့အသိတွေရဲ့ CV တွေကိုလက်ခံပါတယ်။ ဒါကို referral လို့ခေါ်ပါတယ်။

3. Selecting employees မှာဆိုရင်တော့ လျှောက်ထားတဲ့ CV တွေထဲကမှ screening လုပ်ရပါတယ်။ ကိုယ့်အတွက် အံ့ဝင်ဂွင်ကျဖြစ်နိုင်တဲ့သူတွေကို interview ခေါ်ပါတယ်။ Google လို Company မှာတော့ Face-to-Face interview မလုပ်ခင်မှာ ဖုန်းနဲ့ Interview အရင်လုပ်ပါတယ်။ ဒါပြီးသွားလို့အလုပ်ခန့်ရင်တော့ Probation အစမ်းခန့်ကာလရှိပြီး ပုံမှန်အားဖြင့် ၃ လကြာပါတယ်။ ဒီကြားထဲ ထုတ်တာထွက်တာ လုပ်နိုင်ပါတယ်။ အလုပ်စဝင်တဲ့အခါ ဝန်ထမ်းတွေ နဲ့ Company ကို မိတ်ဆက်ပေးတဲ့ Orientation ပေးရပါတယ်။ ဒီမှာ Company ရဲ့ လိုက်နာရမယ့် Policy တွေ၊ Procedure တွေပြောဖို့ လိုပါတယ်။ Company ရဲ့ပုံစံဖြစ်သွားအောင် training လိုပါတယ်။

4. Developing employees ဝန်ထမ်းတွေမှာ target ဆိုတာရှိပြီး သူတို့ရဲ့ စွမ်းဆောင်ရည်ကိုတိုင်းတာဖို့ KPI (Key Performance Indicator) တွေရှိပါတယ်။ ရည်မှန်းချက်ပန်းတိုင်တွေဟာ အမြဲမြင့်သွားမှာဖြစ်လို့ Training ကလည်းအမြဲလိုအပ်ပါတယ်။

5. Determine Compensation ဝန်ထမ်းတွေကို လစဉ်ပေးရမည့် Salary ရှိသလို နာရီနဲ့ပေးရမည့် Hourly wages တွေရှိပါတယ်။ အလုပ်သမား ဥပဒေအရသတ်မှတ်ထားတာတွေရှိပြီး အနိမ့်ဆုံးလုပ်ခလစာ Minimum wages အပြင် Dissected Holiday တွေမှာ အလုပ်ဆင်းခိုင်းပါက ပုံမှန်ထက် နှစ်ဆ ပိုပေးရပါတယ်။ Compensation မှာတော့ PRP လို့ခေါ်တဲ့ စွမ်းဆောင်မှုပေါ်မှာ မူတည်ပြီးပေးတဲ့ Performance-related pay ရှိသလို အရောင်းထဲက Sales Commission နဲ့ပေးတာအပြင် တကယ့်ရာထူးအမြင့်ပိုင်းအတွက် share option ပုံစံတွေပါရှိပါတယ်။

6. Appraise Performance စွမ်းဆောင်ရည်ကို ပုံမှန် အကဲပြန်ဖြတ်ဖို့လိုပါတယ်။ ဒီမှာ အထက်ကအောင်ကို တစ်နှစ်တစ်ခါ Performance Appraisal လုပ်ကြသလို၊ အောက်မှ အထက်ကို အကဲပြန်ဖြတ်ပြီး 360 Performance Appraisal လည်းလုပ်ကြပါတယ်။

Phyo Paing @ Derek

Share Your Idea!​