Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

သင်ခန်းစာတစ်ခုတော့ အမြဲယူခဲ့လိုက်ပါ။

ဆယ်တန်း – အမှတ်ကောင်းဖို့ အမှတ်ပေးစည်းမျဉ်းသိဖို့လိုတယ်။

ဆေးကျောင်း – အထင်အမြင်နဲ့ရမ်းမလုပ်နဲ့။ ဆုံးဖြတ်ချက်တစ်ခုချဖို့ data လိုတယ်။ သုံးသပ်တတ်ဖို့လိုတယ်။ ထောင့်ပေါင်းစုံက စဉ်းစားတတ်ဖို့လိုတယ်။ ဒါက Evidence-based medicine (EBM) က ရတာ။

Getmebook – ကိုယ်ရောင်းချင်တာမရောင်းခင် စျေးကွက်လိုချင်တာ အရင်ရောင်း။ Timing အချိန်ကောင်း အရေးကြီးတယ်။

ဖုန်းပြင် – Timeless ဖြစ်တဲ့အရာတွေကို ဖန်တီးပါ။ စျေးကွက်မှာ နေ့မြင်ညပျောက်ဖြစ်မည့် အရာတွေပေါ်မူတည်ပြီး ဘဝကို မတည်ဆောက်ပါနဲ့။

ဆေးကုမ္ပဏီ – လေ့လာလို့ ကုန်ရင်ထွက်။ ငွေတစ်ခုတည်းအတွက် အလုပ်မလုပ်နဲ့။ ကိုယ်နဲ့တွေ့ခဲ့တဲ့ လူတိုင်းကို အကောင်းဆုံးပေး။ တစ်သက်တာ ဘာလုပ်လုပ် အားပေးမည့် customer ဖြစ်လာလိမ့်မယ်။

ဖုန်းဆိုင် – ယုံကြည်မှုက မလိုအပ်တဲ့ အလုပ်တွေကို ဖယ်ရှားပေးတယ်။ The Speed of Trust. လူတော် တစ်ယောက်က အရာရာကို ပြောင်းလဲပေးနိုင်တယ်။

Young Entrepreneurship Center – Entrepreneur စစ်စစ်တွေက လုပ်ရင်းနဲ့ သင်ယူသွားကြတယ်။ လုပ်ငန်းမစခင်မှာ လုပ်ငန်းစဖို့ သင်တန်းတတ်တာမျိုးသိပ်မလုပ်ကြဘူး။

YEC Learning Center – လူတိုင်းကို ပြောင်းလဲပေးဖို့ မကြိုးစားနဲ့။ တချို့တွေက ပြောင်းလဲချင်တာမဟုတ်ဘူး။ ကြွားပဲ ကြွားချင်တာ။

Training – သင်ပြီးသား slides တွေကိုပဲ ထပ်သင်နေတာ ကိုယ့်အတွက် တိုးတက်မှု မရှိလှဘူး။ ဒါကြောင့် Marketing 101, Guerrilla Marketing Plan (GMP), Guerrilla Marketing Masterminds (GMM) အကုန်လုံးကို Online ပြောင်း။ ကိုယ့်အတွက် မတိုးတက်စေတဲ့အရာကို ငွေတစ်ခုတည်းအတွက် မလုပ်နဲ့။ ကိုယ်က စွမ်းဆောင်ရည်မြင့်တဲ့သူတွေကို ကူညီပေးရအုံးမှာ ဒီမှာပဲ ရပ်မနေနဲ့။

ToeTet – Business Model အရမ်းအရေးကြီးတယ်။ ပြည်တွင်းမှာ Growth-driven နဲ့ သွားလို့မရဘူး။ First Day ကတည်းက Profit ရှိမှ 2030 အထက် survive လုပ်နိုင်မှာ။ Investor ငွေနဲ့လည်ပတ် run-way အတွက် မောနေရတဲ့ model နဲ့ အလုပ်မဖြစ်ဘူး။

Coaching – အောင်မြင်တဲ့သူတွေကို ပိုအောင်မြင်အောင်ပဲ လုပ်ပေးပါ။ I am not in the business of turning losers into winners. I am in the business of helping winners win more.

Dreamlab – လုပ်ပြီးတဲ့ အမှားပြန်မလုပ်နဲ့။ Entrepreneur တွေကို ကူညီဖို့ သင်တန်းပေးမှ မဟုတ်ဘူး။ စာအုပ်ဖတ်ဖို့ ကူညီပေးလဲရပါတယ်။

Akyanpay – တကယ်အလုပ်လုပ်တဲ့ Coach တွေ၊ Consultant တွေ အတွက် All-in-one planning tools တွေစုထားတဲ့ platform လိုတယ်။ လုပ်ငန်းရှင်တွေ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းလုပ်ဖို့ driver ဖြစ်တဲ့ Coach တွေနဲ့ ချိပ်ဆက်ပေးဖို့လိုတယ်။ ၅ နှစ်လောက်တော့ စောင့်ရမယ်။

Sapwar – နာမည်ကို သူများကြိုက်ဖို့မလိုဘူး။ ကိုယ့် heart ထိတဲ့ ကိုယ့် အတွေးအခေါ်ဖြစ်ရမယ်။ Riches in the niches. သူများသွားတဲ့ လမ်းမသွားနဲ့။

DigitalSeed – Agile Project Management Philosophy က ဒီနေ့ခေတ်အတွက် အကောင်းဆုံးပဲ။

Thukha – နိုင်ငံခြား app ကို clone တာ အလုပ်မဖြစ်ဘူး။ တကယ့် user နဲ့ co-create လုပ်သွားဖို့လိုတယ်။

Mindmax – သိစိတ်နဲ့ မသိစိတ် align ဖြစ်မှ လိုချင်တာရတယ်။ feeling is the secret ပဲ။

Dr. Thuta – Hormone အပြောင်းအလဲက လူတွေရဲ့ အပြုအမူပေါ်လွမ်းမိုးမှုရှိတယ်။ ဆယ်ကျော်သက် ရည်းစားထားချင်တဲ့အရွယ်ကို တောထွက်ခိုင်းလို့မရဘူး။ အလေးမပြီး endorphin ထွက်နေတဲ့သူကို စိတ်ဓာတ်ကျပါဆိုတောင် ကျဖို့မလွယ်ဘူး။

DigitalZay – စျေးကွက်မှာ ဖြေရှင်းပြီး လူတွေ ဂရုမစိုက်တဲ့ ပြဿနာကို ထပ်မဖြေရှင်းပါနဲ့။ အရေးကြီးတဲ့ပြဿနာကို အရင်ဖြေရှင်း။

DanaDaily – ငွေကြေးဆိုတာ စွမ်းအင်တစ်ခုပဲ။ ငွေရှိတဲ့သူက power ပိုရှိတဲ့ သဘောရှိတတ်တယ်။ ယုံကြည်မှုပိုရှိတယ်။ ငွေကို စွမ်းအင်တစ်ခုလိုမြင်ကြည့်။

CIY ကို မားကတ်တင်းကူညီပေးရင်း – သင်ကြားမှုမှာ Gamification အရေးကြီးတယ်။

Brain Training Academy by Nyan Htet – ကလေးတွေရဲ့ ဖွံ့ဖြိုးမှု ၉၀% က ငါးနှစ်အောက်မှာဖြစ်တယ်။ ငယ်လေလေ ပုံသွင်းရတာ ပိုမြန်လေလေ။

Nyan Htet – ဥာဏ်ထက်ရေးဖြစ်စဉ်မှာ ကူညီပေးဖို့ နည်းပညာစွမ်းပကားထည့်သွင်းဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​