Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

”သင်သာ ကမ္ဘာကြီးကိုအလည်ရောက်လာတဲ့ Transformer ဆိုရင် သင့်ရဲ့ Mission က ဘာဖြစ်မလဲ?”

HLCC ပွဲမှာ ကိုနိုင်ဝင်းအောင်နဲ့စကားပြောတော့
သူပြောတဲ့ စာကြောင်းလေးတစ်ခုကို
အရမ်းသဘောကျတယ်။

”သင်သာ ကမ္ဘာကြီးကိုအလည်ရောက်လာတဲ့
Transformer ဆိုရင် သင့်ရဲ့ Mission က ဘာဖြစ်မလဲ?”

တော်တော် powerful ဖြစ်တဲ့မေးခွန်းဖြစ်တယ်။
ကိုယ့်ရဲ့ why ကိုရှာတဲ့မေးခွန်းလည်းဖြစ်သလို၊
ကမ္ဘာကြီးမှာ နေရမည့် time limit ပါထည့်ပြီး
question တစ်ကြောင်းတည်းနဲ့ချုံ့လိုက်တယ်။

ဘဝမှာနေ့တိုင်း အဓိပ္ပာယ်ရှိနေဖို့ လိုပါတယ်။

အဓိပ္ပာယ်ဆိုတာ နေ့စဉ်ကိုယ်လုပ်တဲ့အလုပ်က
တန်ဖိုးရှိတယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်ဖို့ဖြစ်တယ်။

ကျွန်နော် ကတော့ ငယ်ငယ်တည်းက
တော်တော်စူးစမ်းတဲ့လူတစ်ယောက်ဖြစ်ပြီး
ပညာရပ်တွေကိုထဲထဲဝင်ဝင်လေ့လာ၊
ပြန်အသုံးချကြည့်ပြီး ရလဒ်တွေ
နည်းလမ်းတွေကို တခြားသူတွေကို
ပြန်လည်မျှဝေပေးချင်တာကို ၂၀၁၅ မှာ
ကောင်းကောင်းသိခဲ့တယ်။

သိခဲ့တဲ့နောက်ပိုင်းမှာ career progress က
မယုံနိုင်လောက်အောင် အချိန်တိုအတွင်း
Growth ဖြစ်လာတယ်။

လူတစ်ယောက်က နှစ်ခါမွေးဖွားတယ်တဲ့။
ပထမတစ်ခါကတော့ မိခင်ဝမ်းကထွက်တဲ့အချိန်၊
ဒုတိယတစ်ခါက ကိုယ်ဘာကြောင့်
မွေးဖွားလာတယ်ဆိုတာ သိတဲ့အချိန်တဲ့။

တကယ်လို့ မိတ်ဆွေသာ
ကမ္ဘာကြီးကိုအလည်ရောက်လာတဲ့
Transformer တစ်ဦးဆိုရင်
မိတ်ဆွေရဲ့ Mission က ဘာဖြစ်မလဲ?

Comment မှာရေးသွားပါအုံး။

Phyo Paing @ Derek

Share Your Idea!​