Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

သင့်မှာ တာဝန်ရှိသည်။
(မိမိကိုယ်ကို ဆုံးမစာ)

လမ်းတစ်လမ်းပျက်နေရင် အစိုးရကို
အပြစ်ပုံချလို့ရတယ်။ ဟုတ်။

ဘဝလမ်းတွေ ပျက်နေရင်
ဘယ်သူ့အပြစ်လည်း?

ဘဝရဲ့ လမ်းတွေပျောက်နေရင်
ငယ်ငယ်က အဖေ၊ အမေ
အမျိုးတွေကို အပြစ်ပုံချကြတယ်။

နောက်တစ်ဆင့်တက်ပြီး
လက္ခဏာဆရာမေးပြီး
ကံကြမ္မာကို အပြစ်ပုံချကြတယ်။

စာသင်ခန်းထဲက
သမုဒ္ဒရာ လက်ပစ်ကူးပြီး
နတ်သမီးလာကယ်မှ ရှင်သန်မယ့်
ပုံပြင်တွေကြောင့်ပါသလို
နတ်သကြားမမှ အောင်မြင်မယ်ဆိုတဲ့
ယုံကြည်မှုတွေကြောင့်
Blamming culture ထဲမှာ သံသရာလည်လာတယ်။

သင့်ဘဝ သင်ပိုင်ပါတယ်။
Viktor Franklr ပြောသလို
သက်ရောက်မှုတိုင်းကို တုန့်ပြန်ဖို့
သင့်မှာ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။

ဆုံးဖြတ်တဲ့နေရာမှာ
မိမိကိုယ်ကို တာဝန်ယူပါ။
အပြစ်တင်တာလေးလျော့ပါ။

Phyo Paing @ Derek

Share Your Idea!​