ရည်ရွယ်ချက်ရှိရှိလုပ်တာနဲ့
ရည်ရွယ်ချက် မရှိပဲ လုပ်တာကွာတယ်။
မသုံးရင် ရှုံးတာပဲ။
ဒီလို thought experiment လေး လုပ်ကြည့်။
လူ့ဘဝသာ ဂိမ်းတစ်ခုဆိုရင်
ဒီနေ့ခေတ်မှာ ၇၁ နှစ်လောက်နေရလိမ့်မယ်။
ရက်ပေါင်း ၂၆၀၀၀ လောက်ရမယ်။
ဒီရက်ပေါင်း ၂၆၀၀၀ မှာ
ပညာသင်ရတဲ့ အချိန်၊
အလုပ်ရှာရတဲ့အချိန်၊
စီးပွားရှာရတဲ့အချိန်၊
မိသားစုတည်ဆောက်ရေးအချိန်၊
လူ့ဘောင်အတွက် ပေးရတဲ့အချိန်၊
ဝါသနာပျော်စရာအတွက် ပေးရတဲ့အချိန်
ဘဝက မျိုးစုံမယ်။.
ဒီပေးထားတဲ့ ဂိမ်းမှာ
သရုပ်ဆောင်ရတဲ့ ဇာတ်ခုံကမတူကြဘူး။
မွေးတဲ့နိုင်ငံ၊ ဖြစ်တဲ့လူမျိုး၊
ဆက်ခံရတဲ့ မျိုးရိုး၊
ပါလာတဲ့ ပါရမီ၊
ဖြတ်သန်းလာတဲ့ ဘဝသမိုင်းကြောင်း။
ဘဝမှာ ဆယ်ကျော်သက်အရွယ်ထိက
ကိုယ်ကဘဝကို ရွေးတာမဟုတ်ပဲ
ဘဝကို ကိုယ့်ကိုရွေးတယ်။
ဆယ်ကျော်သက်ကျော်တဲ့အခါ
ကိုယ်က ဘဝကို ပြန်ရွေးတယ်။
ဒီဂိမ်းကို ထိုင်ငြီးနေလို့ကတော့
ခိုပဲ ဖြစ်သွားနိုင်တယ်။
ဒီဂိမ်းမှာ ပေးထားချက်ပေါ်မူတည်ပြီး
သေချာထိန်းဆော့ရင်တော့
ရက်ပေါင်း ၂၆၀၀၀ ကျော်ဆော့ရမှာပဲ။
ဒီဂိမ်းရဲ့အမှတ်တွေက
နောက်ဂိမ်းမှာဖြစ်လာမည့်
ဇာတ်ကောင်နဲ့ သရုပ်ဆောင်ရမည့်အပိုင်းကို
မဆုံးဖြတ်ဘူးလို့ မပြောနိုင်ဘူး။
ရက်ပေါင်း ၂၆၀၀၀ ကို
ကိုယ်ဖြစ်ချင်တဲ့ဘဝပုံစံမျိုး
အဓိပ္ပာယ်ရှိရှိ သုံးမှ မဖြန်းရာကျမယ်။
သုံးတာနဲ့ ဖြုန်းတာ ဘာကွာလဲ?
ရည်ရွယ်ချက်ရှိရှိလုပ်တာနဲ့
ရည်ရွယ်ချက် မရှိပဲ လုပ်တာကွာတယ်။
Phyo Paing @ Derek