Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

သူတို့ရဲ့ ပေတံနဲ့ ခင်ဗျားကို
တိုင်းတာကြလိမ့်မယ်။

လူ့အဖွဲ့အစည်းက ခင်ဗျားကို
သူတို့ရဲ့အထင်အမြင်တွေနဲ့
ဘာလုပ်လို့ရတယ်၊​
ဘာလုပ်လို့မရဘူး၊
ဘောင်ခတ်ကြလိမ့်မယ်။

သူတို့ရဲ့ ပေတံနဲ့ ခင်ဗျားကို
တိုင်းတာကြလိမ့်မယ်။

ခင်ဗျားဘဝကို သူတို့ဘဝလို
ထင်ပြီး မတောင်းခံပဲ
အကြံဥာဏ်တွေပေး
ဝေဖန်မှုတွေ ပြုလုပ်လိမ့်မယ်။

ခင်ဗျားဆွဲနေတဲ့ ပန်းချီကား
ရုပ်လုံးမပေါ်သေးတဲ့အချိန်
အားပေးမှုတွေထက်
သံသယမျက်လုံးတွေနဲ့ ကြည့်လိမ့်မယ်။
ဘယ်အချိန်ထိ ဇွဲကောင်းမလဲ
ရပ်သွားတဲ့အချိန်ကို
စောင့်ကောင်းစောင့်နေလိမ့်မယ်။

ခင်တယ်လို့ပြောပြီး
တခြားသူတွေ ဟားတိုက်တဲ့အခါ
ကြိတ်ပြီး ပွဲကြည့်ချင်စိတ်လေးတွေ
ဖြစ်ကောင်းဖြစ်လိမ့်မယ်။

ဒါကတော့ ရွာထဲမှာ ဖြစ်နေကျပဲ။

ဒါကြောင့်ဘောင်တွေခတ်ထားတဲ့
ရွာကနေ အပြီးထွက်ခဲ့တယ်။

ရွာပြင်မှာ လေကောင်းလေသန့်တွေရတယ်။

ကိုယ့်ဘဝဥပဒေသ
ကိုယ်ဖန်တီးချင်တဲ့ ပန်းချီကား
ကိုယ်ဖန်တီးလို့ရတယ်။

လူတွေရဲ့ ခေါင်းထဲထည့်ထားတဲ့
အသိဥာဏ်တွေ မတူဘူး။
စဥ်းစားတွေးခေါ်နိုင်တဲ့
ဥာဏ်ရည်တွေမတူဘူး။
လေ့လာသင်ယူနိုင်စွမ်းတွေမတူဘူး။
ဇွဲနဲ့ စိတ်ရှည်မှုတွေ မတူဘူး။​
ရူးသွပ်မှုတွေမတူဘူး။

တချို့တွေက ဘဝကိုဖြတ်သန်းဖို့
လမ်းတစ်လမ်းပဲမြင်တယ်။
တချို့က နှစ်လမ်းမြင်တယ်။
တချို့က သုံးလေးငါးလမ်းမြင်တယ်။

ဘဝမှာ ကိုယ်လိုချင်တဲ့ဘဝကိုယ်ဖန်တီးဖို့
အမြင်ကျဥ်းတဲ့သူတွေရဲ့
ဘောင်ခတ်ခြင်းကို မခံရဖို့
သတိပြုဖို့လိုတယ်။

အမြင်ကျဥ်းတဲ့လူတွေ ဥဦးဆောင်တဲ့နိုင်ငံ၊
အဖွဲ့အစည်း၊ လုပ်ငန်းတွေ
ဘယ်လိုဖြစ်နေလဲ အားလုံးအတွေ့ပဲ။

အမြင်ကျဥ်းတဲ့လူက အငြင်းသန်တယ်။
အမြင်ကျဥ်းတဲ့သူက လူတွေကို
နားမလည်ပေးနိုင်ဘူး။
အမြင်ကျဥ်းတဲ့သူက တစ်ဖက်ပိတ်။
အမြင်ကျဥ်းတဲ့သူက ဘဝမှာ နေမပျော်ဘူး။

Phyo Paing @ Derek

Share Your Idea!​