ငယ်ငယ်ကတည်းက အဒေါ်တွေနဲ့နေခဲ့ရတော့
အရာရာ အထာလေးကြည့်ပြီး
ကြိုတင်ပြင်ဆင် နေတတ်ဖို့ အကျင့်ပါလာတယ်။
ကံကိုတော့ မစမ်းဘူး။
ဆီပဲဖြည့်ဖြည့် ဘာပဲလုပ်လုပ်
ကံစမ်းမဲဆို မယူဖြစ်တာများတယ်။
အလကားရမည့်ကံ မပါဘူးဆိုတာ
ကိုယ့်ကိုကိုယ် သိလို့။
အဲ့ကျကျ ဘာဖြစ်လာလဲဆို
တစ်ခုခုဆို ကိုယ့်ကိုကိုယ်တည်ဆောက်ဖို့
စဥ်းစားမိတာ များလာတယ်။
အခြေအနေဆိုးတွေကြားမှာ ဖြတ်သန်းဖူးတော့
သင်ခန်းစာဆိုတာ အရေးကြီးတာနားလည်လာတယ်။
စာဖတ်တယ်၊ စဥ်းစားတယ်၊ လက်တွေ့လုပ်ဆောင်တယ်၊
သင်တန်းပေး၊ အကြံပေး၊ Coach လုပ်တယ်။
စီးပွားရေးလုပ်တယ်။
ဒါတွေ အားလုံးက ကိုယ့်ရဲ့ Derek 2.0, 3.0, 4.0
ဖန်တီးဖို့ပဲ။
Project တစ်ခု fail ဖြစ်တယ်။
စိတ်ညစ်မည့်အစား သင်ခန်းစာယူလိုက်တယ်။
နောက်တစ်ခေါက် လုပ်တဲ့အခါ
အတွေ့အကြုံရှိသွားတယ်။
ကျွန်တော်မြင်တာကတော့
ခါးသီးတဲ့အတွေ့အကြုံတွေဖြစ်တဲ့
coup တို့၊ covid-19 တို့၊ ငွေတွေ၊ အချိန်တွေကုန်ပြီး
fail ဖြစ်သွားတဲ့ project တချို့က
ကိုယ့်ဘဝကို သန်မာအောင် လေ့ကျင့်ပေးနေတာပဲ။
ကူညီနိုင်တာကိုလဲ ကူညီသလောက်ကူညီပေးပါတယ်။
ဒါပေမယ့် တချို့အချိန်တွေကျလဲ
ကိုယ့်ကိုကိုယ် reinvent လုပ်တဲ့ future version အတွက်
သင်ခန်းစာယူလိုက်တယ်။
Phyo Paing @ Derek