ပိုက်ဆံရှာလို့ရတယ်။
ပိုက်ဆံလာအောင်လုပ်လို့ရတယ်။
စျေးကွက်ရဲ့လိုအပ်ချက်တွေ
ကြည့်ပြီး လိုက်ဖြည့်ဆည်းလို့ရတယ်။
ကိုယ်ယုံကြည်တန်ဖိုးထားတဲ့
အမှတ်တံဆိပ်ကို တည်ဆောက်ရင်း
စျေးကွက်လိုအပ်ချက်နဲ့ချိန်ငြိလို့ရတယ်။
ပိုက်ဆံရှာဖို့ အပြောင်းအလဲမြန််တဲ့
စျေးကွက်လိုအပ်ချက်ဖြည့်ဆည်းတယ်။
ပိုက်ဆံလာဖို့ အမှတ်တံဆိပ်တည်ဆောက်တယ်။
အမှတ်တံဆိပ်ဆိုတာ
နာမည်ပြောလိုက်ရင်
သူနဲ့ခေါင်းထဲ စွဲမှတ်မိနေတဲ့
အကြောင်းအရာတွေ။
ဒီအကြောင်းအရာက
အထင်အမြင်ကို ဖြစ်စေတယ်။
စိတ်ခံစားမှုတွေကို ဖြစ်စေတယ်။
တူညီတဲ့အကြောင်းအရာတစ်ခုက
မတူညီတဲ့လူတွေကို
မတူညီတဲ့ အထင်အမြင်နဲ့
စိတ်ခံစားမှုတွေကို ဖြစ်စေတယ်။
စျေးကြီးတဲ့ luxury brand တစ်ခုကို
ဂျင်းထည့်တယ်လို့မြင်တဲ့သူရှိရင်ရှိမယ်။
ပိုက်ဆံဆိုတာ လှည့်ကြည့်စရာမလိုတဲ့
စိတ်ချမ်းသာမှုသာပေး
လူတန်းစားတစ်ခုအတွက်
ငါတို့တွေက ဒီလို ပစ္စည်းတွေပဲသုံးတယ်။
ဒီလို ခံစားရကောင်းခံစားရမယ်။
Apple ကို ကော်ပီကူးတဲ့ ကုမ္ပဏီလို့
တချို့တွေက Xiaomi ကို
ခံစားရကောင်းခံစားရမယ်။
တီထွင်ဆန်းသစ်မှုကို
လူတိုင်းဆီရောက်အောင်လုပ်ပေးတယ်လို့
တချို့တွေက ခံစားရကောင်းခံစားရမယ်။
ကိုယ့်အမှတ်တံဆိပ်က
လူတိုင်းအတွက် ဖြစ်အောင်အားထုတ်တဲ့အခါ
ကုန်ကျစရိတ်၊ ငွေ၊ စွမ်းအား
အများကြီးသုံးဖို့လိုသလို
လူတိုင်းအတွက်ဖြစ်တဲ့အခါ
လူတစ်စု၊ တစ်စုအတွက်
နောက် အမှတ်တံဆိပ် သဲ့ယူတဲ့အခါ
အလွယ်တကူ ပါသွားတတ်တယ်။
ဒါကြောင့် အမှတ်တံဆိပ်တစ်ခု
တည်ဆောက်တဲ့အခါ
“ဘယ်သူတွေအတွက်လဲ”၊
တပြိုင်တည်းမှာပဲ
“ဘယ်သူတွေအတွက် မဟုတ်ဘူးလဲ”
သေချာ ပြတ်ပြတ်သားသား
သိထားဖို့လိုတတ်တယ်။
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay