နင်ကတော့ ပင်ပန်းတဲ့ပုံပေါက်တယ်နော်။
ကျန်းမာရေးမကောင်းဘူးထင်တယ်။
ဝလာတယ်နော်။
တော်တော် စားသောက်တယ်ထင်တယ်။
ဒီ “ထင်တယ်” ဆိုတဲ့စကားကို
mind read လို့ခေါ်တယ်။
ဒီ”ထင်တယ်” ဆိုတာ ပြောတဲ့သူက
သူ့ခေါင်းထဲမှာရှိတဲ့ တွေးပုံနဲ့
တဖက်လူရဲ့ ဘဝကို
လာအကဲဖြတ်တာဖြစ်တယ်။
ဒီ “ထင်တယ်” တွေသုံးတာများရင်
မိသားစု၊ ပေါင်းသင်းဆက်ဆံရေး၊
စီးပွားရေး၊ အချစ်အိမ်ထောင်ရေးမှာ
သက်ရောက်မှုရှိနိုင်တယ်။
“ထင်တယ်” အစား၊ “လား” တို့၊
“မသိဘူးနော်” တို့ အစားထိုးကြည့်။
နင်ပင်ပန်းတဲ့ပုံပေါက်နေတယ်နော်၊
ဒီရက်ပိုင်း ကျန်းမာရေး ကောင်းသလား?
ငါ့သားအရမ်းပိန်နေတယ်နော်။
အစားအသောက်မှန်ရဲ့လား?
အကဲဖြတ်တဲ့ “ထင်တယ်”
စကားလုံးအစား
မေးမြန်းစိတ်ဝင်စားတဲ့
“လား၊ မသိဘူးနော်” နဲ့
အစားထိုးကြည့်ပါ။
Phyo Paing @ Derek