အကြောင်းအရာတစ်ခုကို စဥ်းစားရင် concept မိအောင် ကျွန်တော်တို့က ပုံပြင်နဲ့ စဥ်းစားကြတယ်။ မဟုတ်ရင် တချို့အရာတွေကို နားလည်ဖို့ခက်တယ်မဟုတ်လား။
ကိုယ့်ခေါင်းထဲကိုထည့်တဲ့ ပုံပြင်တွေကို ဂရုစိုက်ရမယ်။ လူတွေ မကောင်းမှုတွေလုပ်တာများလို့ ကပ်ရောဂါတွေဖြစ်တယ်ဆိုတာမျိုး၊ အရင်ဘဝက မကောင်းမှုတွေပြုထားလို့ ဒီဘဝအာဏာသိမ်းခံရတယ်ဆိုတာမျိုး။ ကိုယ့်ကို စိတ်ဓာတ်ကျ၊ အားလျော့စေမည့် ပုံပြင်တွေကို ပြန်လည်ဆန်းစစ် ပြင်သင့်ရင်ပြင်လိုက်ပါ။
ဥပမာ ငါငယ်ငယ်တည်းက ငါ့အဖေဆုံးသွားခဲ့တော့ သူငယ်ချင်းတွေအိမ်က ငါ့ထက်အဆပေါင်းများစွာပိုချမ်းသာတယ်။ ငါ့ကံမကောင်းဘူးဆိုတဲ့ ပုံပြင်အစား ငါငယ်ငယ်ကတည်းက လောကအကြောင်းကို ပိုလေ့လာလို့ရခဲ့တယ်။ ဒီတော့ ငါ့သူငယ်ချင်းတွေမရတဲ့ အတွေ့အကြုံတွေပိုရခဲ့တယ်။ ဒီအချက်တွေက အနာဂတ်မှာ ငါ့ကိုပိုအောင်မြင်စေလိမ့်မယ်။ မတူညီတဲ့ပုံပြင်က မတူညီတဲ့ လောကအမြင်ကို ဖြစ်ပေါ်စေတယ်။ Change your story, change your life ပါ။
နောက်တစ်ခုက လူတစ်ယောက်ရဲ့ အပြုအမူကိုကြည့်ပြီး သူ့ကိုဆုံးဖြတ်လို့မရဘူး။ လူတွေက အခြေအနေတစ်ခုပေါ်မှာမူတည်ပြီး အပြုအမူတွေပြောင်းနေတယ်။ ငါးတန်းတုန်းက ကိုယ်သိပ်ကြည့်မရတဲ့ သူငယ်ချင်းက ခြောက်တန်းမှာ ကိုယ်ငှက်ဖျားဖြစ်ပြီးအတန်းမှာ အရမ်းချမ်းတော့ သူ့င်္အကျီခြုံပေးပြီး အကူအညီပေးတာ့ “အောင်မျိုးသူ” ဆိုတဲ့သူငယ်ချင်းမဆိုးဘူးပဲ။ လူတွေရဲ့ အပြုအမူတစ်ခုပဲကြည့်ပြီးဆုံးဖြတ်လို့မရဘူးဆိုတာသိလာတယ်။
အရမ်းကို ပြီးပြည့်စုံနေတဲ့ သူတစ်ယောက်ကို ကြည့်ပြီး ဒီလူအရမ်းပြည့်ဝတာပဲဆိုပြီး story တည်ဆောက်ကြတယ်။ ဒါပေမယ့် လူတိုင်းမှာ တခြားသူတွေမသိတဲ့ dark side ဆိုတာရှိတယ်။ အရေးကြီးတာ ဒီ dark side ကို အကျိုးရှိအောင်ဘယ်လိုပြောင်းမလဲဆိုတာပဲ။
ဆိုကရေးတီးတစ်ခါကပြောသလိုပေါ့။ လူတစ်ယောက်က သူ့ကိုတွေ့တော့ ခင်ဗျားရဲ့ ဥပဓိရုပ်ဟာ ခက်ထန်ကြမ်းတမ်းတဲ့လူတစ်ယောက်ပဲတဲ့။ ဒီတော့ ဆိုကရေးတီးကမှန်တယ်။ ဒါပေမယ့် ကျွန်တော်က ဒါကို အကောင်းဆုံး ထိန်းချုပ်တုန့်ပြန်နိုင်တယ်တဲ့။
ကိုယ့်ခေါင်းထဲမှာရှိနေတဲ့ပုံပြင်တွေပြန်လည်ဆန်းစစ်ဖို့နဲ့ လူတစ်ယောက်ရဲ့အပြုအမူတစ်ခုကိုကြည့်ပြီး အထင်အလွန်ကြီးတာ၊ သေးတာမလုပ်မိဖို့လိုတယ်။
Phyo Paing @ Derek