Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အခု ပြဿနာပဲ မဖြေရှင်းနဲ့

2014 က $13 လောက်ကြော်ငြာရင်ကို
ဖုန်း အလုံး ၁၀၀ လောက် ရောင်းရတယ်။
2017 မှာကျတော့ $73 လောက်ကြော်ငြာရင်
သင်တန်းသား အယောက် ၁၂၀ ရတယ်။
2019 မှာ $100 ကြော်ငြာရင်
သင်တန်းသား အယောက် ၁၀၀ ရတယ်။

အရင် paid ad marketer လိုပဲစဥ်းစားတယ်။
$1 ထည့်တိုင်း ဘယ်လောက် ပြန်ရှာပေးမလဲ။
ဒီအတိုင်းလုပ်လာတာ သုံးခဲ့တဲ့ငွေက
$150,000 ကျော်လောက်ရှိတယ်။
ဒီငွေအကုန်လုံးက Facebook က ရတာတွေပဲ။
အဲ့တုန်းက Social Media တွေကိုမြင်တာ
ငွေရိုက်စက်ပေါ့။

အဲ့ဒီအချိန်မှာစဥ်းစားမိတယ်။
ဒီ ROAS က တဖြည်းဖြည်းကျလာမှာပဲ။
Return On Ad Spent က
စျေးကွက်ထဲမှာ ရှိတဲ့ noise တွေကြားမှာ
ကိုယ့် message က voice ဖြစ်ဖို့
ကြော်ငြာနဲ့တင်မရတော့ဘူး။
Content Marketing Operation ကို
စနစ်တကျ လုပ်ရမယ်ဆိုပြီး
Team ကို တည်ဆောက်လုပ်ခဲ့လိုက်တယ်။

ထင်ထားတဲ့အတိုင်း Dollar စျေးအပြောင်းအလဲ
ဇကာဘတ်ရဲ့ Policy တွေကြားမှာ
Organic traffic ကို ရဖို့
မတူညီတဲ့ content strategy ပေါင်းများစွာ
test လုပ်ခဲ့တယ်။

တဖြည်းဖြည်းနားလည်လာတာတစ်ခုက
အခု ပြဿနာပဲ မဖြေရှင်းနဲ့။
အနာဂတ်မှာ ကြုံလာနိုင်မည့် ပြဿနာလဲ
ကြိုတင်ဖြေရှင်းထားဖို့ လိုတယ်။

Phyo Paing @ Derek

Share Your Idea!​