Love is the journey of self-discovery.
လူတွေက မတူညီတဲ့သူတွေနဲ့တွေ့တိုင်း
မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထွက်လာတယ်။
ဒီနေ့ခေတ်က အဘိုး၊ အဖေခေတ်မဟုတ်တော့
လူတိုင်းက နှစ်ခါ၊ သုံးခါ ချစ်ကျွမ်းဝင်ဖူးကြတယ်။
မတူညီတဲ့ သူတွေနဲ့ တွေ့တိုင်းမှာ
ကိုယ့်ရဲ့ ကောင်းတဲ့အချက်၊
ဆိုးတဲ့အချက်နဲ့
ကိုယ်မထင်ထားတဲ့ အစွမ်းအစတွေ
ထွက်ပေါ်လာတတ်တယ်။
မတူညီတဲ့သူတွေက မတူညီတဲ့ ဓာတ်
vibes တွေပေးတယ်။
လူတွေက စဥ်းစားပုံလဲ မတူကြသလို
တချို့က အပေါ်ယံခတ်ကျယ်ကျယ် စဥ်းစားတယ်။
တချို့က တစ်ခုကို ထဲထဲဝင်ဝင် စဥ်းစားတယ်။
တချို့က ဆက်စပ်စဥ်းစားတယ်။
တချို့က လွတ်လပ်မှုပေးသလို
တချို့က လှုံခြုံမှုပေးတယ်။
တချို့က ဝေဖန်အကြံအမြဲပြုသလို
တချို့က ကိုယ်ဘာလုပ်လုပ်မှန်တယ် ရပ်တည်ပေးတယ်။
လူတွေက အချစ်နဲ့တွေ့တိုင်းမှာ
ကောင်းတဲ့ကိုယ်ရည်ကိုယ်သွေး
ဆိုးတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ
ထွက်လာတတ်တယ်။
ဒါကြောင့် Logotherapy ကိုထွင်တဲ့
Dr. Viktor Frankl က
Love is the only way to grasp
another human being
in the innermost core of his personality.
ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက
ကိုယ်နဲ့တွေ့တဲ့ အရေးကြီးတဲ့သူတွေရဲ့
vibes တွေကို မှတ်ထားလေ့ရှိတယ်။
တချို့တွေက တချို့အချိန်တွေမှာ
အချစ်နဲ့တွေ့တဲ့အခါ
ဒုက္ခတွင်းထဲ ရောက်သွားတတ်တယ်။
တချို့တွေက တချို့အချိန်မှာ
အချစ်နဲ့တွေ့တဲ့အခါ
နောက်တစ်ဆင့်ရောက်သွားတတ်တယ်။
နားလည်လာတဲ့ commitment ဆိုတာ
ဘာပဲဖြစ်ဖြစ် ဒီ relationship ကို
တည်တံ့အောင် ထိန်းသိမ်းမယ်ဆိုတဲ့စိတ်ပဲ။
ငယ်ငယ်ကတော့ Eminem လို
Hailie လို သမီးလေးတစ်ယောက် ရချင်ခဲ့တယ်။
လူအများစုကို တိုင်ပတ်စေတာအချစ်။
ဒီကမှတဆင့် အထီးကျန်တယ်ဆိုတာဖြစ်လာတယ်။
ဒါကတော့ လွဲမှားနိုင်တဲ့
စဥ်းစားမိတဲ့ အယူအဆတချို့ပဲ။
Phyo Paing @ Derek