အချိန်ဖြုန်းတယ်ဆိုတာ
ဘာရည်ရွယ်ချက်မှမရှိပဲ
အကျိုးမရှိ
အချိန်ကို သုံးလိုက်တာ။
အချိန်ကို တရားဘာဝနာအတွက်
စိတ်ကို ခန္ဓာကိုယ်ပြန်ခေါ်
သတိနဲ့နေလို့ရတယ်။
အချိန်ကို ကျန်းမာရေးအတွက်
လေ့ကျင့်ခန်းလုပ်၊
အနားပြန်ယူလို့ရတယ်။
အချိန်ကို တိုးတက်ရေးအတွက်
ဦးနှောက်အတွက်စာဖတ်၊ လေ့လာလို့ရတယ်။
အချိန်ကို ကိုယ်ချစ်တဲ့သူ၊
မိသားစုကို အာရုံပေးပြီး
နွေးထွေးမှုတည်ဆောက်လို့ရတယ်။
တစ်နေ့တစ်နေ့ ဥာဏ်ပညာ၊
ဥစ္စာစီးပွါး၊ ဒါန၊ သီလ၊ ဘာဝနာ
တိုးတက်ပွားများလာဖို့
အသုံးပြုတာ အကောင်းဆုံးဖြစ်နိုင်တယ်။
Phyo Paing @ Derek