ပိုက်ဆံဘာလို့ရှာလဲဆို
ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့
ကိစ္စတွေကို
ခေါင်း မကိုက်အောင်လို့။
ကိုယ့်အတွက် ဖြေရှင်းရမည့်ပြဿနာက
ပိုက်ဆံ မဖြစ်အောင်
အလုပ်အကိုင်နဲ့ စီးပွားကို ရွေးရတာပေါ့။
မဟုတ်ရင် ကိုယ့်ဘဝ
ရပ်တည်ဖို့ မလုပ်ချင်တဲ့အလုပ်ကိုလုပ်
ကျန်တဲ့ အချိန်မှာ
အိပ်မက်ကို တည်ဆောက်ဖို့ကျတော့
အားအင် ကုန်ခမ်းနေပြီ။
ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စ
ခေါင်းမခြောက်အောင်
ငွေကို လွယ်လွယ်မဖြုန်းနဲ့။
နောက် ငွေကြောင့် ဘဝကိုပေးဆပ်တာ
မဖြစ်ရအောင်
အချိန်မတန်ခင် ဇိမ်မခံနဲ့။
အဲ့လိုပဲ စဥ်းစားမိတယ်။
Phyo Paing @ Derek