10%, 20% အထက်တိုးတက်ဖို့
လုပ်ငန်းလည်ပတ်မှုကို
စနစ်ကျပြီး ကောင်းအောင်လုပ်ကြတယ်။
10x, 20x အထက်တိုးတက်ဖို့
လုပ်ငန်းအတွက် မဟာဗျူဟာအကွက်
ကောင်းကောင်းချပြီး လုပ်ဆောင်ကြတယ်။
ဝန်ထမ်းလုပ်တဲ့အခါလဲ
အလုပ်အကိုင် မဟာဗျူဟာလိုတယ်။
လုပ်ငန်းလုပ်တဲ့အခါလဲ
စီးပွားရေး မဟာဗျူဟာလိုတယ်။
အဆ ၁၀၀၀ ကျော်လောက်
ကြီးထွားသွားတဲ့ ပြည်တွင်း၊ ပြည်ပ
လုပ်ငန်းတွေ အကုန်ကြီးလိုက်ရင်
ဒီပုံစံကို တွေ့လိမ့်မယ်။
Nvidia chips တွေက ဂိမ်းလောက၊
ခရစ်တို မိုင်းနင်းလုပ်တဲ့အချိန်၊
နောက် အေအိုင် AI ပေါ်လာတဲ့အချိန်နဲ့
မဟာဗျူဟာကျ ကြိုတင်ပြင်ဆင်မှုနဲ့
အခွင့်အလမ်းနဲ့တွေ့တဲ့အခါ
$1 trillion ကျော်တန်တဲ့ လုပ်ငန်းကြီးဖြစ်သွားတယ်။
ဒီဂျစ်တယ်မားကတ်တင်းတွေ
ကြီးထွားလာတဲ့အခါ
Canva ကလဲ $40 billion တန်
ကုမ္ပဏီကြီးဖြစ်သွားတယ်။
နိုင်ငံရေတံခါးဖွင့်တဲ့အခါ
၁၉၉၆ မှာ စခဲ့တဲ့ Good Morning ပါမုန့်ထုတ်တဲ့ကုမ္ပဏီ
L & M Mayson က
ရှယ်ယာ ၈၀% ကို ဒေါ်လာ ၆၉.၂ သန်းနဲ့
တောင်ကိုးရီးယား Lotte ကိုရောင်းလိုက်နိုင်တယ်။
လုပ်ငန်းဆိုတာ မဟာဗျူဟာနဲ့
စနစ်တွေ၊ ဝန်ထမ်း၊ ဦးဆောင်သူတွေရဲ့
အစွမ်းအစ ပြိုင်တဲ့ပွဲပဲ။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay