ကြီးကျယ်တဲ့အပြောင်းအလဲလုပ်ဖို့
အများကြီးလိုချင်မှ လိုလိမ့်မယ်။
တစ်ခုခု၊ တစ်ယောက်ယောက်ကို
ကိုယ့်ဘဝထဲက ခဏဖြစ်ဖြစ်
အဆက်အသွယ်ဖြတ်ထားဖို့ပဲ
လိုတာ ဖြစ်နိုင်တယ်။
အလုပ်ထွက်ပြီး ကိုယ်တိုင်စတော့
အိမ်နဲ့သုံးလ အဆက်အသွယ်မလုပ်ဘူး။
ရစေချင်တဲ့ဘွဲ့ ကတိအတိုင်း
ယူပေးခဲ့ပြီးပြီ။
ရှေ့ဆက်မည့် ဘဝကတော့
ကိုယ်သွားချင်တဲ့ဘဝ၊ ကိုယ့်အတွေးနဲ့
ယုံကြည်မှုနဲ့တည်ဆောက်မှာဖြစ်တဲ့အတွက်
Instruction တွေ၊ အထင်အမြင်တွေနဲ့
လမ်းမလွဲချင်ဘူး။
တခါတလေ ပိုကောင်းတဲ့
အပြောင်းအလဲတစ်ခုအတွက်
ကိုယ်ချစ်တဲ့သူတွေကို ခဏဖြစ်ဖြစ်
အဆက်အသွယ်ဖြတ်ရတဲ့
အခိုက်အတန့်တွေရှိကောင်းရှိရနိုင်တယ်။
Phyo Paing @ Derek