စနစ်တည်ဆောက်တဲ့အခါ
အဆင့်လေးတွေရှိတယ်။
အဲ့တာကို process လို့ခေါ်တယ်။
ဆေးခန်းတစ်ခန်းဆိုပါတော့။
သူ့မှာ ဆေးခန်းလာတဲ့အချိန်
၁။ လူနာနာမည်ယူတာ၊
၂။ သွေးပေါင်ချိန်တိုင်း၊ အဖျားတိုင်းတာ၊
၃။ ရောဂါရာဇဝင်မေးတာ၊
၄။ ရောဂါစမ်းသပ်ပြီး ကုသမှုပေးတာ၊
၅။ ဆေးထိုး၊ ဆေးဝါးပေးတာ၊
၆။ ငွေရှင်းတာ။
ဒီအဆင့်တွေဟာ ဆေးခန်းလာတဲ့အခါ
လူနာဖြတ်သန်းရတဲ့အဆင့်ဖြစ်တယ်။
ဆရာဝန်အနေနဲ့ အဓိကလုပ်ရမှာ
အဆင့် ၃ နဲ့ ၄ ဖြစ်တယ်။
ကျန်တဲ့အပိုင်းတွေကို အရင်ဆုံးလွဲရမှာဖြစ်တယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay