Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အတိတ်နဲ့အနာဂတ်လုံးဝမတူပါဘူး။

ဆယ်တန်းမှာ ဂုဏ်ထူးမပါဘူး။ ဘဝတစ်လျှောက်လုံးမအောင်မြင်နိုင်တော့ဘူးလား?

အလုပ်လျှောက်တယ် မရဘူး။ ဘဝက သုံးစားလို့မရတော့ဘူးလား?

ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတယ်။ မချမ်းသာနိုင်တော့ဘူးလား?

အတိတ်နဲ့ အနာဂတ်တူတူဘဲလား?

အတိတ်နဲ့အနာဂတ်လုံးဝမတူပါဘူး။

ငယ်ငယ်က အတန်းထဲမှာ အဆင့်တစ်နှစ်သုံး ထဲမဝင်ပါဘူး။ ဒါပေမယ့် ဆယ်တန်းမှာ စာကြိုးစားတယ်။ ဆေးကျောင်းတက်ခွင့်ရခဲ့တယ်။ အတိတ်မှာ အောင်မြင်ခဲ့တိုင်းအနာဂတ်မှာ အောင်မြင်မယ်လို့ တထစ်ချမပြောနိုင်ပါဘူး။ ဒီနေ့မှာ မအောင်မြင်ပေမယ့်လည်း မနက်ဖြန်မှာ ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေကို မပိုင်ဆိုင်ဘူးလို့ မပြောနိုင်ဘူး။

ဒါဆိုလူတွေကို ကွာခြားစေတဲ့အရာက ဘာလည်း?

ယခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ယခုလုပ်နေတဲ့အလုပ်တွေဟာ မနက်ဖြန်တွေကို ဆုံးဖြတ်ပေးမှာပါ။ ဒါကြောင့် မိတ်ဆွေ ယခုကို အကောင်းဆုံး အသုံးချပါ။

Phyo Paing @ Derek

Share Your Idea!​