ငယ်ငယ်က English Rap သီချင်းတွေ
နားထောင်တော့ နားမလည်ဘူး။
ဒါနဲ့ စာသားတွေကို print ထုတ်
Genius ဆိုတဲ့ website မှာ
စာသားတိုင်းရဲ့ အဓိပ္ပာယ်သာမက
သူရည်ညွှန်းချင်တဲ့ အဓိပ္ပာယ်ကို
လိုက်ရှာကြည့်ရတယ်။
ငယ်ငယ် Rabbit Run ဆိုတဲ့
Eminem သီချင်းမှာ Writer’s Block
ဆိုတဲ့ စကားလုံးနဲ့ ရင်းနှီးခဲ့တယ်။
စာရေးဆရာတစ်ခုယောက်
ဖန်တီးဖို့ အတွေးအခေါ် အိုင်ဒီယာ
ပိတ်နေတဲ့ အချိန်မျိုးပေါ့။
ကျွန်တော်တို့ Content ဖန်တီးသူတွေမှာလည်း
အဲ့ဒီ ပြဿနာတွေရှိတယ်။
ကွန်ပြူတာဖွင့်ပြီး ဘာစရေးရမလဲ
မသိတဲ့အချိန်တွေမှ အများကြီး
ရှိနိုင်တယ်။
ဒါကို ကျော်လွှားဖို့အတွက်
ကိုယ့်ကိုကိုယ် train လုပ်တဲ့
ဖြစ်စဥ် တစ်ခုလိုတယ်။
ဒါကြောင့် ဘယ်အရာပဲဖြစ်ဖြစ်
စတင်ဖန်တီးတဲ့နေရာမှာ
အရေအတွက်ကို စဥ်းစားပေးဖို့လိုတယ်။
အရေအတွက်များလာရင်
လေ့လာသင်ယူမှုရှိရင်
အရည်အသွေးကလည်း မြင့်လာမှာပဲ။
အဲ့ဒီ အတွေးအခေါ်နဲ့ပဲ
အရာရာတိုင်းကို ဖန်တီးတယ်။
Perfectionist ဖြစ်မနေဘူး။
အရာရာ perfect ဖြစ်မှစတာထက်
စရင်းနဲ့ progress ဖြစ်
တိုးတက်သွားဖို့က ပိုအရေးကြီးတယ်။
Phyo Paing @ Derek