အတွေးအခေါ်အရေးကြီးတယ်။
အယူအဆ မှားတာကြောက်ဖို့ အင်မတန်ကောင်းပါတယ်။
အတွေးအခေါ် ဘေးချော်သွားရင် အရေးပေါ်ပြင်ဖို့လိုတယ်။
အောင်မြင်တဲ့လုပ်ငန်းရှင်နဲ့ ကျရှုံးတဲ့စီးပွါးရေးလုပ်ငန်းရှင်
စဉ်းစားတဲ့ပုံစံမတူဘူး။
အောင်မြင်တဲ့လုပ်ငန်းရှင်က အလုပ်မဖြစ်တာကိုထားခဲ့တယ်။
အလုပ်ဖြစ်တဲ့နည်းလမ်းတွေကို မဖြစ်ဖြစ်အောင် ရှာဖွေနေတယ်။
ကျရှုံးတဲ့လုပ်ငန်းရှင်ကျတော့ အလုပ်မဖြစ်တာတွေကို
စဉ်းစားစိတ်ညစ်နေတတ်ကြတယ်။
ကျွန်တော်တို့က ပစ္စည်းအရည်အသွေးပိုကောင်းတယ်။
အထူးတလည်ကြော်ငြာနေမှ အောင်မြင်မှာမဟုတ်ဘူး။
ဒါကလဲ အရမ်းမမှန်တဲ့ အတွေးအခေါ်တစ်ခုဖြစ်တယ်။
ကိုယ့်ပစ္စည်းကောင်းရင် လူတွေပိုသိအောင်လုပ်ရမှာဆိုတာ
အားလုံးသိပြီးဖြစ်ပါတယ်။
လူတွေမသိရင် ကိုယ့်လောက်မကောင်းတဲ့
ပစ္စည်းတွေကိုပဲသုံးမိနေတာမျိုးဖြစ်နေနိုင်တယ်မဟုတ်လား။
ဖောက်သည်ပြဿာနာတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်သူက
စျေးကွက်မှာ အောင်မြင်မှုရတာပဲ။
ကိုယ်က အကောင်းဆုံးဖြေရှင်းနိုင်တယ်
အောင်မြင်မှုမရသေးဘူးဆိုရင် ကိုယ့်ကိုလူသိနည်းနေတာဖြစ်နိုင်တယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay