လူတိုင်းမှာ ကိုယ်ပိုင်အတွေးအခေါ်လိုတယ်။
ဒီအတွေးအခေါ်ရှင်းဖို့လိုတယ်။
ဒီအတွေးအခေါ်ကို ပြန်ဆန်းစစ်ပြီး
update လုပ်ဖို့လိုတယ်။
အရင်က
ကိုယ့်ကိုကိုယ် အပြစ်တင်တတ်တာ၊
လူတွေကို အားနာတတ်တာ၊
လူတွေကိုယ့်ကိုဘယ်လိုထင်မလဲ
အထူးခံစားပြီး လိုက်ဖြေရှင်းတတ်တာ၊
လူတွေကို စေတနာထားတဲ့အခါ
အတားအဆီမရှိ ကူညီရင်ဖွင့်တတ်တာ၊
တစ်ခုခုဆို နှလုံးသားနဲ့ ခံစားပြီး
နာကျင်ရတာ၊
ကိုယ်ထိန်းချုပ်မရတာတွေကို
စဥ်းစား ပူဆွေး လောကကြီးကို အပြစ်တင်တာ
မျိုး လူတော်တော်များများ
ဖြစ်ဖူးကြလိမ့်မယ်။
ဒါစာကို ဖတ်ပြီး
ကိုယ့်ကိုကိုယ် ဘယ်တော့မှ
အပြစ်မတင်နဲ့တော့။
သင်ခန်းစာယူ လုပ်ရပ်ပြန်ပြောင်း။
ကိုယ့်ကိုကိုယ် ပျော်အောင်ထား။
ဘူကောင်တွေ ကို ရှောင်။
ကိုယ်သွားချင်တဲ့ ပုံစံကိုယ်သွားတယ်။
လူတွေရဲ့ အထင်အမြင်ထက်
ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို
အာရုံပို စိတ်ထား။
တစ်ခုခုဆို နှလုံးသားနဲ့ မခံစားခင်
ဦးနှောက်နဲ့ စဥ်းစား။
ကိုယ်ထိန်းချုပ်မရတာတွေအစား
ထိန်းချုပ်နိုင်တဲ့ ဘောင်အတွင်းက လုပ်။
လူတိုင်းနဲ့ ဆက်ဆံတဲ့အခါ
စည်းတစ်ခု ထားပါ။
Phyo Paing @ Derek