အတွေးအခေါ်ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။
လူတစ်ယောက်ဘဝ၊
ကံကြမ္မာကို လွမ်းမိုးနိုင်တဲ့
ကြီးမားတဲ့အရာက
ဘာဖြစ်မလဲ။
အရင်ဘဝလဲဖြစ်နိုင်သလို၊
အတိတ်က လုပ်ခဲ့တဲ့
ကုသိုလ်၊ အကုသိုလ်တွေလဲဖြစ်နိုင်တယ်။
ဒါတွေက ထိန်းချုပ်လို့မရတော့ဘူး။
ဒီတော့ ဒီနေ့လူတစ်ယောက်ရဲ့ဘဝကို
လွမ်းမိုးနေတဲ့ အကြီးမားဆုံးအရာက
“အတွေးအခေါ်” ပဲ။
ဒီအတွေးအခေါ်က ဘယ်ကဖြစ်လာသလဲ?
မိဘ၊ လူမျိုး၊ အသိုင်းအဝိုင်းရဲ့အတွေးအခေါ်၊
ကိုယ်နေထိုင်ရာအရပ်ရဲ့အတွေးအခေါ်၊
ကိုယ့်အသိပညာအတတ်ပညာပေါ်မူတည်ပြီး
ဖြစ်လာတဲ့ အတွေးအခေါ်၊
အပေါင်းအသင်းတွေကြောင့် ကူးစက်လာတဲ့
အတွေးအခေါ်၊
ဖတ်မှတ်သင်ယူမှုက ဖြစ်လာတဲ့အတွေးအခေါ်။
ချမ်းသာတဲ့ မိသားစုတွေက
ချမ်းသာရေးအတွက် အထောက်အကူပြုတဲ့
အတွေးအခေါ်တွေရှိတယ်။
ကျန်းမာရေးလိုက်စားတဲ့မိသားစုက
ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့
အတွေးအခေါ်တွေရှိတယ်။
ပညာတတ်တဲ့မိသားစုက
ပညာတတ်ဖို့အတွက် အထောက်အကူပြုတဲ့
အတွေးအခေါ်တွေရှိတယ်။
အမြဲတိုင်ပတ်နေတဲ့မိသားစုအတွက်
အမြဲတိုင်ပတ်စေဖို့ အထောက်အကူပြုတဲ့
အတွေးအခေါ်ရှိတယ်။
ဘဝကို အမြဲစိတ်မတိုင်းမကျဖြစ်နေတဲ့
သူတစ်ယောက်အတွက်
အမြဲစိတ်တိုင်းမကျဖြစ်စေတဲ့ အတွေးအခေါ်ရှိတယ်။
အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။
Phyo Paing @ Derek