Chatgpt နှစ်လအတွင်း
သုံးတဲ့သူ သန်း ၁၀၀ ပြည့်သွားတာ
လူတိုင်း အံ့အားသင့်ကြတယ်။
ဒီအခြေအနေရောက်ဖို့
အောင်မြင်မှုအတွက် ၁၁ ဒီဇင်ဘာ ၂၀၁၅ က
သူတို့ သန္ဓေတည်ခဲ့ရတာ။
အခုအချိန်တောင် အောင်မြင်တယ်ပြောမရသေးဘူး။
စစ်မျက်နှာပြင်ဖွင့်လိုက်တယ်လို့ပဲပြောလို့ရမှာ။
ကျွန်တော်ကတော့
ဘဝမှာ အောင်မြင်မှုနောက်လိုက်ဖို့
ဘယ်တုန်းကမှ မစဥ်းစားဖူးဘူး။
တိုးတက်မှုနောက်ပဲ လိုက်တယ်။
ဒါကြောင့်လဲ toetet ဒေါ့ကွမ်းနဲ့
တိုးတက်နာမည်ပေးထားတာပေါ့။
ဘဝမှာ လူတွေကိုပျော်ရွင်စေတာ
တိုးတက်မှုပဲ။
လိုချင်တာရသွားလို့ အောင်မြင်မှုအတွက်
အပျော်က ခဏတာပဲ။
အမြဲတိုးတက်နေမှ ပျော်တဲ့အပျော်က
တာရှည်ခံတာ။
မဟုတ်လဲ ကျွန်တော်တို့တွေ
ဆယ်တန်းအောင်တာ၊ ဂုဏ်ထူးထွက်တာ
ဘာညာ အားလုံးအောင်မြင်ဖူးကြတာပဲ။
အကြာကြီးမှ မပျော်တာ။
အမြဲတိုးတက်နေမှ ပျော်တာ။
ဒါကြောင့် အနာဂတ်အတွက်
နေ့စဥ်တိုးတက်ဖို့အတွက်
သန္ဓေတည်နေတယ်လို့ပဲ စဥ်းစားကြည့်တယ်။
Phyo Paing @ Derek