ကိုယ့်ကိုကိုယ်ထားတဲ့
အနာဂတ် အမြင်က ဘာဖြစ်မလဲ။
နောက် ငါးနှစ်၊ ဆယ်နှစ်၊
အနှစ်နှစ်ဆယ်နေရင်
ဘာဖြစ်နေမလဲ။
ဘာတွေဆွတ်ခူးထားမလဲ။
ဘယ်နေရာရောက်နေမလဲ။
မြင်ယောင်ကြည့်၊
ကြားယောင်ကြည့်၊
ခံစားကြည့်ကြည့်။
အတိတ်ရဲ့မှတ်ဥာဏ်ထက်
အနာဂတ်အမြင်ကပိုရှင်းနေမှ
ပစ္စုပ္ပာန်မှာ အလုပ်လုပ်ရတာ
အဓိပ္ပာယ်ရှိမှာ။
Phyo Paing @ Derek