အပေါ်ယံကြည့်ရင် အရာရာက လွယ်တယ်။
ကိုယ်သေချာမသိတဲ့ အလုပ်ကို
အပေါ်ယံကြည့်ရင် အကုန်
လွယ်လွယ်လေးလို့ ထင််တတ်ကြတယ်။
ကော်ဖီဆိုင်ဖွင့်ဖို့ လွယ်တယ်လို့
ထင်တတ်ကြတယ်။
သင်တန်းကျောင်းဖွင့်ဖို့ လွယ်တယ်လို့
ထင််တတ်ကြတယ်။
ဆိုင်တစ်ဆိုင်ဖွင့်ရတာ အရမ်းလွယ်တယ်လို့
ထင်တတ်ကြတယ်။
မားကတ်တင်းလုပ်ရတာ လွယ်တယ်လို့
ထင်တတ်ကြတယ်။
Influencer လုပ်ရတာ
တင်ချင်တာတွေ တင်ရင်ရတာပဲ
လွယ်လွန်းတယ်လို့
ထင်ကောင်းထင်ကြလိမ့်မယ်။
လူတွေကို မနက်ကနေ ညအထိ
ကိုယ့်စကားနားထောင်ပြီး
လေးငါးရက်လောက် သင်တန်းတက်အောင်
လုပ်ဖို့ လွယ်တယ်လို့ ထင်ကောင်းထင်မယ်။
အရာရာကို အပေါ်ယံကြည့်ရင်
အရာရာလွယ်တယ်လို့ ထင်တတ်ကြတယ်။
အမှန်တကယ် ဝေဖန်ခံရတာ၊
တိုက်ခိုက်ခံရတာ၊
ဘဝက ကိုယ့်ကို lessons တွေပေးတာ၊
ပြိုင်ဆိုင်မှုတွေ၊ အခက်အခဲတွေကြား
နောက်တစ်ဆင့်တက်ဖို့ ကြိုးစား
ကြံဆရတာ လူတွေသိချင်မှ သိမယ်။
အပေါ်ယံကြည့်ရင် အရာရာကလွယ်တယ်
ထင်နိုင်တယ်။
နဖူးတွေ့ ဒူးတွေ့မှာ ဘယ်လိုလဲဆိုတာ
တကယ်လုပ်ကြည့်မှ သိတတ်ကြတယ်။
ဘယ်အလုပ်မဆို ဘေးကထိုင်ပြီး
ကြည့်ရတာပိုလွယ်တယ်။
ဖြစ်မြောက်အောင် လုပ်တာ၊
ရေရှည်တည်တံ့အောင် လုပ်တာ
ပိုခက်ခဲတယ်။
AkyanPay.com
ကိုယ်မပါဘဲ လည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay