Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အမူအကျင့်တစ်ခုလုပ်တိုင်း

ဒီနေ့ခေတ် ဦးနှောက်နဲ့ပတ်သက်တဲ့
သုတေသနတွေ၊ တွေ့ရှိချက်တွေက
လူတွေကို ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင်
design လုပ်ဖို့ ကူညီပေးတယ်။

ရှေးခေတ်အယူအဆဖြစ်တဲ့
gene မျိုးရိုးက ညံ့လို့ကိုယ်ကညံ့တာ၊
စာညံ့တဲ့သူက အမြဲညံ့နေမှာ
ဒါမျိုးထက် ဦးနှောက်ဟာ
ပြုပြင်ကြီးထွားတိုးတက်အောင်
လုပ်လို့ရပါတယ်။
ဒါဟာ Neuroplasticity အယူအဆဖြစ်တယ်။
Genetics တို့အရေးကြီးတာမှန်သလို
သူ့လိုပဲ ဦးနှောက်ကို လေ့ကျင့်
ပျိုးထောင်လို့ရတယ်ဆိုတဲ့အယူအဆက
အရေးကြီးတယ်။

ကိုယ်လိုချင်တဲ့ အမူအကျင့်ကို
လိုချင်သလို ဒီဇိုင်းလုပ်လို့ရတယ်။
ကိုယ်ပုံမှန်ခံစားချင်တဲ့ခံစားချက်တွေ
ဖြစ်အောင် သေချာဒီဇိုင်းလုပ်လို့ရတယ်။

လူတွေရဲ့ ဦးနှောက်ဆဲလ်ကို
neuron လို့ခေါ်တယ်။
သူ့မှာ ခန္ဓာကိုယ်ပိုင်း axon နဲ့
အမြီးပိုင်းတွေမှာ dendrite ဆိုတာရှိတယ်။
ဒီ neuron တွေတစ်ခုနဲ့ တစ်ခုဆက်သွယ်ဖို့
ကြားမှာ synapse ဆိုတာရှိတယ်။
Electrical activity ဖြစ်တိုင်း
neurotransmitters တွေထွက်တယ်။
အဲ့မှာ dopamine တို့၊ serotonin တို့ပါတယ်။

အမူအကျင့်တစ်ခုလုပ်တိုင်း၊
ပညာရပ်တစ်ခုကို လေ့လာတိုင်း
dendritic connections ဆိုတာဖြစ်တယ်။
ဦးနှောက်ထဲက dendrites တွေဆက်လာတယ်။
ဒါကို ဆေးကျောင်းဒုတိယနှစ်
physiology ဇီဝကမ္မဗေဒလေ့လာကတည်းက
အရမ်းစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းဖြစ်တယ်။

Neurons that fire together, wire together တဲ့။
အဖြစ်အပျက်တစ်ခုဖြစ်သွားတိုင်းမှာ
ဦနှောက်က ဆဲလ်တွေဆက်ပြီးမှတ်ဥာဏ်ဖြစ်သွားတယ်။
လူတိုင်းမှာ ဒီမှတ်ဥာဏ်တွေရှိသလို
တချို့က ပိုပြီးထင်ရှားတတ်တယ်။
ဘဝရဲ့ ပထမဆုံးမှတ်မိတဲ့အဖြစ်အပျက်တို့၊
ကိုယ့်ကလေး စမွေးတဲ့နေ့တို့၊
ကိုယ့်ချစ်သူနဲ့စတွေ့တဲ့နေ့၊
အမျိုးထဲကတစ်ယောက်ဆုံးတဲ့နေ့၊​
လူရှေ့သူရှေ့မှာ ပထမဆုံးစကားထွက်ပြောရတဲ့နေ့တို့
ဒါကို SEE (Significant emotional event) လို့ခေါ်တယ်။

တချို့ memories တွေက အထောက်အကူပြုသလို
တချို့ memories တွေက ထာဝရတိုင်ပတ်စေတယ်။
ဒါကြောင့်လိုအပ်ရင် အဲ့ memories တွေကို
ပြန်ပြောင်းတာမျိုး၊ အဓိပ္ပာယ်ဖွင့်ဆိုချက်ပြောင်းတာမျိုး
လုပ်လို့ရတယ်။​
Timeline Therapy တို့ဆိုတာ အဲ့ဒီ concept ကိုယူ
ထွင်ထားတာမျိုး။

လူတစ်ယောက်ရဲ့ ငယ်ဘဝက
သူ့အဖေ၊ အမေနဲ့ relationship က
အသက်ကြီးတဲ့ထိ ပါလာတာမျိုးဖြစ်တတ်တယ်။
ငယ်ငယ်က manic depressive ဖြစ်ပြီး
abusive ဖြစ်တဲ့ အမေနဲ့နေနေတဲ့သူဆို
အသက်ကြီးလာတော့ အဲ့လိုအမျိုးသမီးကိုမှ
ကြိုက်တာမျိုးဖြစ်တတ်တယ်။​
တခြားလိမ္မာရေးခြားရှိတာမျိုးဆို
စိတ်မဝင်စားတာမျိုး။​
ဒီလိုအချိန်မျိုးဆို အတိတ်ကမှတ်ဥာဏ်တွေကို
ပြန်လည်ကုသပြီး အပြောင်းအလဲလုပ်လို့ရလာတဲ့
ခေတ်ဖြစ်လာပြီ။

နောက် အမူအကျင့်ဖြစ်ပေါ်ရေးမှာ
dopamine က အရေးကြီးတယ်။
ပထမဆုံးချစ်ကျွမ်းဝင်တဲ့
romantic relationship မှာ
လူတွေက အကြီးအကျယ်အမူအကျင့်
အပြောင်းအလဲ ဖြစ်တတ်ကြတယ်။
motivation level အရမ်းမြင့်ပြီး
အမူအကျင့်တွေ ပြောင်းသွားတာမျိုးဖြစ်တတ်တယ်။
ဒါကြောင့် တချို့အားတီတွေဆို
မင်းသူနဲ့တွေ့ပြီး ပြောင်းသွားတယ်။
အရမ်းအလုပ်ကြိုးစားပိုက်ဆံရှာလာတယ်။
အရင်လို အပေအသေမဟုတ်တော့ဘူး
ဒါမျိုးတွေ ကြားဖူးလိမ့်မယ်။

နောက်ပြီး ဒီနေ့ခေတ်မှာ အဖြစ်များလာတဲ့
Porn addiction က dopamine နဲ့ဆိုင်တယ်။
Porn က dopamine ကိုထွက်စေပြီး
ရင်ခုန်မှုကိုပဲဖြစ်စေတာ။
စိတ်ကျေနပ်မှုကို မဖြစ်စေဘူး။
စိတ်ကျေနပ်မှုဖြစ်ဖို့ endorphin လိုတယ်။

တခြား ONS တို့လို၊ Casual sex တို့ဟာ
Dopamine နဲ့ Endorphin လောက်ပဲရှိပြီး
အပေါ်ယံအရမ်းဆန်တယ်။
လူနှစ်ယောက် နီးကပ်ပြီးသံယောဇဥ်ဖြစ်
bonding အတွက် neuromodulator ဖြစ်တဲ့
Oxytocin လိုတယ်။

တချို့အမျိုးသားတွေက committed ဖြစ်တဲ့
relationship ကို ရှောင်ရှားတာ၊
မလုပ်ချင်တာ၊ မလုပ်ရဲတာက
ငယ်ဘဝ ဖြတ်သန်းမှုတွေနဲ့လဲအများကြီးဆိုင်တယ်။
ဒီ မှတ်ဥာဏ်တွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေကို
ပြန်ပြောင်းဖို့ လိုအပ်တာမျိုးရှိနိုင်တယ်။

နောက်လူတွေရဲ့ sexuality ကလဲ
neuroplasticity ပေါ်မူတည်ပြီး
ပြောင်းနိုင်တယ်။
ကလေးနှစ်ယောက်ထွက်လာပြီးမှ
Bi ဖြစ်နေတာမျိုး။
ဒါက ပတ်ဝန်းကျင်၊ စိတ်ခံစားမှု၊
ဦးနှောက်အပြောင်းအလဲဖြစ်မှုပေါ်မှာ
မူတည်ပြီးလဲ အပြောင်းအလဲဖြစ်နိုင်တယ်။

ဦးနှောက်မှာ Brain Map ဆိုတာရှိပြီး
လူတွေရဲ့ ဦးနှောက်က computer လို
ဦးနှောက်ရဲ့ ဘယ်အစိတ်အပိုင်းက
ဘယ်အလုပ်ကိုလုပ်တယ်ဆိုတဲ့
localization ဆိုတာ မမှန်တော့တဲ့
အယူအဆတစ်ခုဖြစ်တယ်။

ဒီနေ့ဖတ်နေတဲ့စာအုပ်ထဲမှာ
တိုက်တိုက်ဆိုင်ဆိုင်မနေ့က
Interview with the masters ထဲက
neuroscientist ဖြစ်တဲ့ Ramachandran
ရဲ့ Phantom Pain နဲ့
Mirror Therapy အကြောင်းပြန်ပါတယ်။
တချို့ လက်ဖြတ်၊ ခြေထောက်ဖြတ်ထားရတဲ့
သူတွေအနေနဲ့ မရှိတော့တဲ့
လက်၊ ခြေထောက်နာကျင်တာကို
အလယ်မှာ မှန်ထောင်ထားတဲ့ box ချပြီး
ဦးနှောက်ကို ပြန်လေ့ကျင့်ပေးတာမျိုးနဲ့
ကုသပေးခဲ့တဲ့ ဆရာကြီး။

ဒီနေ့ဖတ်ဖြစ်တဲ့စာအုပ်က
The Brain That Changes Itself တဲ့။
အရမ်းမိုက်တယ်။
အကုန်ရေးနေရင် ပြီးတော့မှာ မဟုတ်ဘူး။

အချုပ်အနေနဲ့
အပြောင်းအလဲတစ်ခုလုပ်ချင်ရင်
ပတ်ဝန်းကျင် surrounding ကိုပြောင်း၊
စိတ်ကူးပုံဖော်မှုပုံမှန်လုပ်၊
Exercise ပုံမှန်လုပ်၊
အစားအသောက်ဂရုစိုက်။

Phyo Paing @ Derek

Share Your Idea!​