လေ့ကျင့်ခန်းလုပ်မယ်ဆိုပြီး
ပျက်ပျက်သွားလို့
ကိုယ့်ကိုကိုယ် အပြစ်ခဏခဏတင်ဖူးလား။
ပုံမှန်စာဖတ်တဲ့အကျင့်လုပ်မယ်ဆိုပြီး
မဖတ်မိဘူးဖြစ်နေသလား။
ဘာကြောင့်လဲ။
အမူအကျင့်တည်ဆောက်ဖို့
နည်းလမ်းလေးတစ်ခုလိုနေလို့ပါ။
အမူအကျင့်တည်ဆောက်တဲ့အခါ
လုပ်ရပ်ကိုပဲအာရုံမစိုက်ပါနဲ့။
ရချင်တဲ့ ရလဒ်ကိုပဲ အာရုံမစိုက်ပါနဲ့။
ငါဘယ်သူလဲဆိုတဲ့ identity ကို
အာရုံစိုက်ပါ။
ငါလေ့ကျင့်ခန်းလုပ်ရအုံးမယ်အစား
ငါက အားကစားလိုက်စားတဲ့သူ။
ငါစာဖတ်ရအုံးမယ်အစား
ငါက နေ့စဉ်စာဖတ်တာကို မြတ်နိုးတဲ့သူ။
ဒီလို identity က စပြောင်းပါ
အားတီ၊ အားမေတို့။
ဒါက James Clear ရေးတဲ့
ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့
Atomic Habits ထဲက ဖြစ်ပါတယ်။
Phyo Paing @ Derek