အမြင်မကျယ်ရင်
အကျယ်မမြင်ဘူး။
အကျယ်မမြင်ရင်
ရွေးချယ်လို့ရတဲ့
လမ်းတွေမမြင်ဘူး။
ရွေးချယ်စရာများမှန်းမသိရင်
ဘဝမှာ ကျဥ်းထဲကြပ်ထဲ
ရောက်နေတယ်လို့မြင်တတ်တယ်။
ပြဿနာတွေကို အထိရောက်ဆုံး
အဖြေရှင်းတတ်ဘူး။
အမြင်ကျယ်ဖို့
၁။ စာကောင်းပေကောင်းနေစဥ်ဖတ်ဖို့လိုတယ်။
၂။ တခြားနိုင်ငံနဲ့လူမျိုးတွေဆီ ခရီးသွားကြည့်ဖို့လိုတယ်။
၃။ အသစ်ဖြစ်ပေါ်နေတဲ့ နည်းပညာနဲ့
သတင်းတွေကိုလေ့လာနေဖို့လိုတယ်
၄။ ဘာသာစကားနှစ်ခုလောက်တော့
ကောင်းကောင်းတတ်ဖို့လိုတယ်။
(အထူးသဖြင့် အင်္ဂလိပ်လိုပါဝင်တယ်။)
၅။ ကိုယ့်အထင်အမြင်တိုင်း
အမှန်မဟုတ်ဘူးဆိုတဲ့
open-minded ဖြစ်ဖို့ လိုတယ်။
Phyo Paing @ Derek