အမှတ်တံဆိပ်တည်ဆောက်ဖို့ဆိုတာ
အတွေးအခေါ်လိုတယ်။
ဒါကို Brand Philosophy လို့ခေါ်တယ်။
ကိုယ်တိုင်ရဲ့ အမှတ်တံဆိပ်တည်ဆောက်ဖို့
လူတွေစိတ်ဝင်စားအောင်လျှောက်လုပ်နေတာကို
Personal Branding တို့မခေါ်ဘူး
လုပ်ငန်းရှင် အားတီ၊ အားမေတို့။
ကိုယ့်ရဲ့၊ ကိုယ့်လုပ်ငန်းရဲ့ ရပ်တည်ချက်
အတွေးအခေါ် မထုတ်နိုင်သမျှ
အမှတ်တံဆိပ်တည်ဆောက်လို့မရဘူး။
Apple ဆိုရင်
အလုပ်တကယ်ဖြစ်တဲ့နည်းပညာ၊
ဒီဇိုင်းရိုးရှင်းလှပသေသပ်မှုအပြင်
Privacy တစ်ကိုယ်ရည်လှုံခြုံမှုအရေးကြီးတဲ့
အတွေးအခေါ်အတွက် ရပ်တည်တယ်။
Xiaomi ဆိုရင်
ပိုက်ဆံမရှိလို့ နောက်ဆုံးပေါ်နည်းပညာ
မသုံးလိုက်ရဖို့ စိတ်မညစ်နဲ့။
လူတိုင်းအတွက် တီထွင်ဆန်းသစ်မှု
Innovation for Everyone နဲ့သွားတယ်။
မားကတ်တင်းဆိုတာ နူးညံ့တယ်။
ဖောက်သည်တွေ လိုချင်တာ၊ လိုအပ်တာ
ဖြည့်ဆည်းပေးရုံနဲ့ ပြီးသွားတဲ့ခေတ်မဟုတ်တော့ဘူး။
မလိုအပ်ဘူးထင်တာကို လိုအပ်တယ်ဖြစ်အောင်
စိတ်ပညာ Psychology၊ အတွေးအခေါ်ပညာ Philosophy၊
ဦးနှောက်အလုပ်လုပ်ပုံ Neuroscience တွေ
ပေါင်းစည်းရာပဲ။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay