အရက်သမား၊ ဘိန်းစား ၁၀ ယောက်နဲ့ပေါင်းရင်
၁၁ ယောက်ဖြစ်ဖို့က လွယ်တယ်။
အထူးကြိုးစားစရာမလိုဘူး။
ပညာတတ် ဆယ်ယောက်နဲ့ပေါင်းရင်
ကောင်းတာရဖို့အတွက်က
သေချာလေ့လာရပြီ။
စာတော်တဲ့သူဆယ်ယောက်နဲ့ပေါင်းပြီး
သူတို့ရဲ့ ကောင်းတဲ့
အတွေး၊ အကြံ၊ အလုပ်ကို
သေချာလေ့လာပြီး ကျင့်သုံးရင်
ကိုယ်လဲ သူတို့လိုမဖြစ်ရင်တောင်
သူတို့ နီးပါးဖြစ်နိုင်တယ်။
အလိုအလျောက်သာ ဖြစ်ရင်
သူဌေးတွေနဲ့ အမြဲတွေ့နေတဲ့ ဟိုတယ်က
ဝန်ထမ်းတွေ အောင်မြင်နေပြီ။
ကောင်းတဲ့ အမူအကျင့် အတွေးအခေါ်ရဖို့
Passive ငြိမ်နေရုံနဲ့မရဘူး။
တကူးတက လေ့လာရတယ်။
ပျက်တာက လွယ်တယ်။
ပြုပြင်ဖန်တီးတာက ခက်တယ်။
စာသင်ခန်းထဲ ထိုင်နေရုံနဲ့
ပညာတတ် ဖြစ်မလာဘူး။
ကျွန်တော်ကတော့ သင်၊ မြင်၊ ပြင်ဆိုတဲ့
ဘဝပြောင်းလဲရေး framework လေး
လုပ်ထားတယ်။
၂၀၁၃ မှာ တော်တော်လေးငွေကြေးပြည့်စုံတဲ့
သူတွေရဲ့ အသိုင်းအဝိုင်းမှာ
သူတို့ရဲ့ တွေး၊ ကြံ၊ လုပ်ဆောင်ပုံကို
သင်ကြားလေ့လာခွင့်ရတယ်။
ကိုယ်ဆို အချိန်အများစုက
တခြားသူတွေ အကြောင်းစဉ်းစားပြီး
အပြစ်တင်ဖို့ စဉ်းစားနေတတ်တယ်။
သူတို့က ကိုယ့်အကြောင်း၊
ကိုယ့်မိသားစုနဲ့ အလုပ်အကြောင်းပိုစဉ်းစားပြီး
အပြစ်တင်တာထက် အဖြေရှာခြင်းကို
ဦးစားပေး လုပ်ဆောင်ကြတယ်။
ဒါကို မြင်တော့
အကျင့်တွေ ပြင်ဖြစ်တယ်။
ဒါကြောင့် သင်၊ မြင်၊ ပြင် ဆိုတာလေးက
ဘဝမှာ ဘယ်သူတွေနဲ့ပေါင်းပေါင်း အရေးပါနိုင်တယ်။
Phyo Paing @ Derek