ဗုဒ္ဓက နှစ်ဆယ့်ကိုးနှစ်မှာ
နမိတ်ကြီးလေးပါးတွေ့ပြီး
အရာရာကို စွန့်လွတ် တောထွက်
တရားကျင့်ရင်း
သဗ္ဗေညုတ ဉာဏ်တော်ရှင်ဖြစ်ခဲ့တယ်။
လူတိုင်းက မတူညီတဲ့ version ဖြစ်နေအုံးမှာပဲ။
နောက် ငါးနှစ်၊ ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာ
ဖြစ်လာမည့် version နဲ့ ကိုယ့်ဘေးက
ပေါင်းသင်းဆက်ဆံ၊ တွေ့နေတဲ့သူတွေက
ကွာကောင်းကွာသွားနိုင်တယ်။
ပုထုဇဉ်လူသား လောကီမှာ
အဝိဇ္ဇာနှင့် တဏှာ တွန်းအားနဲ့
သံသရာဒုက္ခကို သုခလို့ ယူဆထားတဲ့
ဒီနေ့ version ကလဲ
တချိန်ပြောင်းရင်ပြောင်းသွားမှာပဲ။
အရေးကြီးတာ ကိုယ့်ရဲ့ New Version
ကိုယ့်ရဲ့ Next Version က
ကိုယ့်ရဲ့ Ex Version ထက် ကောင်းလာဖို့ပဲ။
Phyo Paing @ Derek