လူတွေ လုပ်မယ်လို့ဆုံးဖြတ်ပြီးမရတာ
C လေးလုံးမှာ တစ်လုံးလိုအပ်နေလို့လို့ထင်တယ်။
ပထမကတော့ Commitment ပါ။
လုပ်မယ်ဆို မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့
ဘုရင့်နောင် ဖောင်ဖျက်တဲ့စိတ်လိုတယ်။
You have to burn the bridges ပါ။
ဒုတိယကတော့ Consistency ပါ။
ရေပေါ်ဆီမဖြစ်ဖို့လိုတယ်။
တစ်ခုခုလုပ်မယ်ဆို ပုံမှန်လုပ်သွားဖို့လိုတယ်။
ကျောက်တုန်းကြီးတွေခွဲသလိုပဲ
တစ်ခါတည်းနဲ့မရဘူး။
ဖြေးဖြေးချင်း စိတ်ရှည်ရှည်နဲ့ခွဲရတယ်။
တတိယ C ကတော့
Continuous improvement ပါ။
နေ့တိုင်းပြန်မေးကြည့်ပါ။
ကိုယ်ဒီနေ့လုပ်နေတာကို ဘယ်လိုပုံစံ
ပိုလွယ်၊ ပိုကောင်း၊ ပိုမြန်၊ ပိုထိရောက်အောင်
လုပ်မလဲဆိုတဲ့ မေးခွန်းမေးပြီး
လုပ်နေကျပုံစံတွေကို upgrade လုပ်ဖို့လိုတယ်။
နောက်ဆုံး C ကတော့ Communication ပါ။
ကိုယ့်ကိုကိုယ် ဘယ်လိုဆက်သွယ်ရမလဲသိရမယ်။
ကိုယ့်စကားကိုယ် နားထောင်အောင်
ဘယ်လိုပုံစံ ဆက်သွယ်ရမလဲသိရမယ်။
Phyo Paing @ Derek