အောင်မြင်ဖို့အတွက်
အရေးအကြီးဆုံးက “အချိန်” မဟုတ်ဘူး။
“အကြိမ်ရေ”။
အင်္ဂလိပ်စာတတ်ဖို့ အချိန်ဘယ်လောက်ပေးရမလဲ။
သူငယ်တန်းကတည်းက သင်လာတာ။
၁၂ နှစ်မကတော့ဘူး။
အရေးကြီးတာ ဘယ်နှစ်ကြိမ်ဖတ်သလဲ။
ဘယ်နှစ်ကြိမ်ရေးသလဲ။
ဘယ်နှစ်ကြိမ်ပြောသလဲ။
စီးပွားရေးလုပ်တဲ့အခါလဲ အလားတူပဲ။
အလုပ်မဖြစ်တဲ့ အကြိမ်ရေတွေက
သင်ခန်းစာယူတဲ့အခါ
လိုချင်တာရဖို့ ပိုပိုနီးစပ်သွားတယ်။
ဒါကို ဒီနေ့ခေတ် စွန့်ဦးတီထွင်တွေ၊
မားကတ်တင်းသမားတွေ၊
နည်းပညာသမားတွေက
iterative process လို့ခေါ်တယ်။
တစ်ခါလုပ်တယ်။
သင်ခန်းစာယူတယ်။
ပိုကောင်းအောင်ပြန်လုပ်တယ်။
Eric Ries ရဲ့ The Lean Startup Methodology အရဆို
Build – Measure – Learn ပေါ့။
တည်ဆောက် – တိုင်းတာ – သင်ယူ
ဒါကို ထပ်ခါထပ်ခါလုပ်။
Phyo Paing @ Derek