ဘဝမှာ အရှုံးမရှိ
ကိုးကွယ်သင့်တဲ့အရာက “အလုပ်”။
ကိုယ့် “အလုပ်” က
ကိုယ့် “ဘဝ” ပဲ။
ဘဝမှာ ကိုယ်ကသစ္စာရှိရင်
ပြန်ပြီး သစ္စာရှိတာ “အလုပ်”။
သူ့ကို လေးလေးစားစားဆက်ဆံရင်
လေးလေးစားစား ပြန်ဆက်ဆံခံရမယ်။
ကိုယ်က သစ္စာမဖောက်ရင်
သူက သစ္စာမဖောက်ဘူး။
လူတစ်ယောက်ရဲ့ဘဝအချိန်အများစုဟာ
“အလုပ်” နဲ့ ကုန်ဆုံးရတယ်။
ကိုယ်ချစ်တဲ့ အလုပ်၊
ကိုယ်တန်ဖိုးထားရတဲ့အလုပ်၊
ကိုယ့်ကို တော်စေ၊ ပျော်စေ၊
ဂုဏ်ယူစေ၊ ဝင်ငွေတိုးပွားစေတဲ့အလုပ်
ရွေးချယ်လုပ်ဆောင်ဖို့လိုတယ်။
အလုပ်ကို သက်ဝင်ယုံကြည်ပြီး
သေသေချာချာလုပ်တဲ့အတွက်
အလုပ်ကို ချစ်တဲ့အတွက်
ကြေကွဲရတာ ဘယ်တုန်းကမှ
မကြုံဖူး ဖူးဘူး။
ကွန်ဖြူရှပ်ယဥ်ကျေးမှုနဲ့ ကြီးလာတဲ့
သူတစ်ယောက်အတွက်
အလုပ်ကို ကိုးကွယ်တာ
သဘာဝကျနေပြီ။
Phyo Paing @ Derek