အလုပ်ခွင်ထဲမှာတော့ ကိုယ်က
ဦးဆောင်တဲ့ ခေါင်းဆောင်တာဝန်။
ဖောက်သည်တွေနဲ့တွေ့တော့
ကိုယ်တော့ လုပ်ငန်းရှင်တာဝန်။
ကိုယ့်သား၊ သမီးနဲ့တွေ့တော့
ကိုယ်က ဖေဖေ၊ မေမေတာဝန်။
သမီးရည်းစား၊ လင်မယားဆိုတော့
ကိုယ်က လင်၊ မယားတာဝန်။
ကိုယ့်အဖေ၊ အမေအတွက်ကျ
ကိုယ်က သားသမီးတာဝန်။
ကိုယ့်မောင်၊ နှမအတွက်ကျ
ကိုယ်က အစ်ကို၊ အစ်မ၊ မောင်၊ နှမ တာဝန်။
နိုင်ံအတွက် ကိုယ်က နိုင်ငံသားတာဝန်။
အသက်ကြီးလာလေ
တာဝန်များလာလေ။
လူတွေက တာဝန်တွေ အများကြီး
ယူထားရတတ်ကြတယ်။
ဒါကြောင့် နေရာတစ်ခုမှာ
တခါတလေ
တာဝန်မကျေသလိုဖြစ်သွားရင်
ကိုယ့်ကိုကိုယ် အရမ်းမပစ်မတင်ပါနဲ့။
ဘဝမှာ တာဝန်တွေက အများကြီး
မဟုတ်လား။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay