တာဝန်ရှိတဲ့အလုပ်၊
လုပ်သင့်တဲ့အလုပ်၊
ကိုယ်လုပ်ချင်တဲ့အလုပ်၊
ကိုယ်ဂုဏ်ယူတဲ့အလုပ်။
ကိုယ့်သားသမီး၊ မိဘ၊
မိသားစု၊ အသိုင်းအဝိုင်း၊
နေထိုင်တဲ့ပတ်ဝန်းကျင်
ဒါက တာဝန်ရှိတဲ့အလုပ်။
ကျောင်းတက်ဘွဲ့ရ၊
အလုပ်ခွင်ဝင် ပိုက်ဆံရှာ
အတွေ့အကြုံယူ၊
အစားအသောက်ဆင်ခြင်၊
လေ့ကျင့်ခန်းလုပ်၊
ပေါင်းတတ်သင်းတတ်ဖို့လုပ်။
ဒါက လုပ်သင့်တဲ့အလုပ်။
ဝါသနာပါတဲ့အရာ၊
ကိုယ့်ကိုပျော်စေတဲ့အရာ၊
ရင်ခုန်စေတဲ့အရာ၊
မလုပ်ရမနေနိုင်တဲ့အရာ
ဒါက ကိုယ်လုပ်ချင်တဲ့အလုပ်။
စဥ်းစားတိုင်း ပီတိဖြစ်စေတာ၊
ငါဘယ်သူဆိုတဲ့ ခံစားမှုပေးတာ၊
ကိုယ့်ဘဝအဓိပ္ပာယ်ရှိစေတာ
ကိုယ်ဂုဏ်ယူတဲ့အလုပ်။
သားရေးသမီးရေး၊
မိဘ၊ အမျိုး၊ နေထိုင်ရာအတွက်
ကျန်းမာရေးအတွက်၊
စားဝတ်နေရေး၊
ဘဝအဓိပ္ပာယ်အတွက်
အလုပ်လေးမျိုး နေ့စဥ်လုပ်နေရတတ်တယ်။
Phyo Paing @ Derek