အသက်ကြီးလာတော့
ကိုယ်ချစ်တာ၊ မချစ်တာတွေမသိတော့ဘူး။
ကိုယ့်အတွက် အကျိုးရှိတာ၊
မရှိတာပဲရှိတော့တယ်။
ထာဝရချစ်သူ၊
ထာဝရ ရန်သူလဲမရှိတော့ဘူး။
အကျိုးရှိလား၊
အကျိုးမရှိဘူးလားပဲစဉ်းစားတော့တယ်။
ဘဝမှာ သစ္စာ၊ မေတ္တာ၊ အနစ်နာနဲ့နေကြည့်ပြီးပြီ။
ဘဝရဲ့ အခြေခံလည်ပတ်မှုက
အဲ့လိုလည်ပတ်နေတာမဟုတ်ဘူးဆိုတာ
တဖြည်းဖြည်း သိလာတယ်။
ဒါကြောင့် ဘဝကို
အကျိုးစီးပွါး အခြေပြုပဲစဉ်းစားကြည့်တော့တယ်။
ကိုယ်တိုင်ကလဲ တခြားသူတွေရဲ့
အကျိုးစီးပွါးအတွက် အသုံးဝင်ရမယ်။
အဲ့လို အသုံးဝင်တဲ့အရာတွေကို
မျှဝေပေးလေလေ
အသုံးဝင်သွားတဲ့သူတွေက ကျေးဇူးတင်လေလေ။
ကိုယ့်အကျိုးစီးပွါးကို ပြန်လည်ဖြည့်ဆည်းပေးတတ်လေလေ။
လောကကြီးတစ်ခုလုံးက
အကျိုးစီးပွါးအခြေပြု လည်ပတ်နေတယ်လို့
ထင်တာပဲ။
ဒါကလဲ လက်ရှိလောကကို
အဓိပ္ပာယ်ဖွင့်ဆိုတဲ့ ပုံစံတစ်ခုဖြစ်ပါတယ်။
Phyo Paing @ Derek