တကယ်တမ်း စီးပွားရေးလုပ်တဲ့အခါ
reality မှာ ဒီလိုမဟုတ်ဘူးဆိုတာ
တကယ်လုပ်ဖူးမှ သိလာကြတာပါ။
ငါလက်ထဲမှာ သိန်း ၁ သောင်း ၄ ထောင်
ရှိပြီ မီလျံနာဖြစ်ပြီဟေ့ အဲ့လိုပြောဖို့ခက်ကြတယ်။
ထီပေါက်တာ ကလွဲရင်ပေါ့။
ထီဆိုတာကလဲ
သင်္ချာမတတ်တဲ့သူတွေအတွက်
အခွန်အခလို့ပြောကြတယ်။
ကျွန်တော်ကတော့ ကိုယ်မကြိုးစားရင်
ကံမကောင်းတတ်တော့ ထီထိုးလေ့မရှိဘူး။
Danko သွားရင်တောင် ကံစမ်းမဲဘယ်တော့မှ
ယူလေ့မရှိဘူး။
တကယ်တမ်း စီးပွားရေးနဖူးတွေ့ ဒူးတွေ့လုပ်တဲ့သူတွေ
ကြည့်ရင် ဘယ်သူမှ Cash များများစားစား
လက်ထဲ မထားကြဘူး။
ငွေပြန်ရှာပေးမည့် asset တွေမှာပဲ
ရင်းနှီးမြုပ်နှံကြတယ်။
ဒီတော့ ဘယ်နှစ်နှစ်မှာ Millionaire ဖြစ်ရမည်
ဆိုတဲ့ အိမ်မက်အစား
Cashflow နဲ့ ရည်မှန်းချက်ချတာ သို့
Asset ပိုင်ဆိုင်မှုနဲ့ ရည်မှန်းချက်ချတာက
ပိုကောင်းတယ်။
အမှန်တော့ Millionaire ဖြစ်ချင်တယ်ဆိုတာ
Social Mobility တက်ချင်တာလို့
ယူဆလို့ရပါတယ်။
ကျွန်တော်တို့နိုင်ငံမှာက Social mobility
လူမှုအဆင့်အတန်း တစ်ထစ်က တစ်ထစ်တက်ဖို့ကို
ပညာရေး တစ်ခုတည်းနဲ့ မစွမ်းနိုင်ဘူး။
ရန်ကုန်လို မြို့ကြီးမှာ Career တစ်ခု
လူရိုသေရှင်ရိုသေဖြစ်အောင် တည်ဆောက်ပြီး
Linkedin တို့ဘာတို့မှာ ကြွယ်လို့ရပေမယ့်
နယ်မှာကျတော့ ဒီလို privilege အများစုမရကြဘူး။
MNC နိုင်ငံတကာ ကုမ္ပဏီအများစုကလဲ
ရန်ကုန်မှာပဲအခြေစိုက်ကြတယ်။
တိုးတက်တဲ့နိုင်ငံတွေမှာလို Economic policy
သေချာချပြီး အလုပ်အကိုင်ဖန်တီးမှု
ကျွမ်းကျင်လုပ်သားမွေးထုတ်ဖို့တွေ
မလုပ်နိုင်သေးတော့ social mobility တက်ဖို့
ကိုယ့်ကိုကိုယ်ပြန်စဥ်းစားရတယ်။
ကျောင်းပြီးကိုယ့်သူငယ်ချင်းအချို့က UK, US
မှာ ဆရာဝန်သွားလုပ်ဖို့ ပြင်ဆင်ကြတဲ့အချိန်
ဒီ Social Mobility ဆိုတာကြီးကို
အမြန်ဆုံးတတ်နိုင်ဖို့ စဥ်းစားမိတယ်။
ဘဝမှာ ရွေးချယ်မှုအရေးကြီးတယ်။
မှန်ကန်တဲ့ ရွေးချယ်မှု ပြုလုပ်ဖို့
သတင်းအချက်အလက်အရေးကြီးတယ်။
ဒီသတင်းအချက်အလက်တွေရှိမှ
ရွေးချယ်စရာလမ်းကြောင်း ဘာတွေရှိလဲသိမှာ။
ကမ္ဘာပေါ်က သတင်းအချက်အလက်အများစုက
ဒီနေ့လိုခေတ်မှာ English နဲ့ Chinese လိုရှိနေတယ်။
ဒါကြောင့် ဒီနေ့ခေတ်မှာ
Social Mobility အတွက် English နဲ့ Chinese က
အရေးအကြီးဆုံးလို့ ယူဆတယ်။
နောက် ကိုယ်လုပ်တဲ့အလုပ်ကို
အိမ်စာလုပ်ဖို့၊ စွမ်းဆောင်ရည်မြင့်ဖို့၊
ပေါင်းသင်းဆက်ဆံတတ်ဖို့၊
စဥ်းစားတွေးခေါ်တတ်ဖို့
ဒါတွေ အကုန်လုံးက social mobility
အတွက် အရေးပါတယ်။
Phyo Paing @ Derek