Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတည်ဆောက်ဖို့

အိပ်နေရင်းနဲ့ ငွေဝင်ဖို့ အိုင်ဒီယာ ၅ ခု

၁။ Online Course

လူတိုင်းမှာ တခြားသူတွေကို ပြန်သင်ပေးလို့ရတဲ့
ကျွမ်းကျင်မှုတွေရှိတတ်ကြတယ်။
ဝင်ငွေပိုတိုးတက်အောင်၊
ပိုလှအောင်၊ ငွေစုတတ်အောင်၊
ပိုကျန်းမာအောင်၊ အချစ်ရေးအဆင်ပြေအောင်၊
အသည်းကွဲတာကျော်လွှားနိုင်အောင်၊
အလုပ်အင်တာဗျူးမှာ အရွေးခံရအောင်။
စုံစမ်းမေးမြန်းမှုတွေပိုရအောင် ကြော်ငြာရေးနည်း။
တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုနဲ့ ငွေဝင်အောင်လုပ်နည်း။

ဒီနေ့ခေတ်မှာ ဒီလို Online course တွေကို
အားဖြည်ပေးတဲ့ နည်းပညာတွေ၊
ပလက်ဖောင်းတွေလဲ အများကြီးရှိနေပြီ။
Clickfunnel က စလို့၊ Kajabi
Thinkific, Podia တို့ကစလို့
Skillshare, Udemy တို့မှာလဲ
တင်ပြီး ရောင်းချကြတယ်။

Online Course တွေက startup တွေလို့
စဥ်းစားကြည့်လို့ရတယ်။
သူက scalable ဖြစ်တယ်။
ချဲ့ထွင်လို့လွယ်ကူတယ်။
တခါတည်ဆောက်ပြီး ဝင်ငွေအမြဲရနိုင်တယ်။

ဒါပေမယ့် သူ့မှာလဲ
အကောင်အထည်ဖော်နိုင်ဖို့
စိန်ခေါ်မှုတွေ အများကြီးရှိတယ်။
ကိုယ့်ကို လူတွေသိအောင်၊
ယုံကြည်အောင်၊ ဆရာကျကြောင်းသိအောင်
expert power တည်ဆောက်တာ၊
လူရိုသေရှင်ရိုသေဖြစ်အောင်
social proof လိုတာတွေလုပ်ဖို့လိုသလို
Course တစ်ခုတည်ဆောက်တဲ့အခါ
instructional design ကို သေချာလုပ်ဖို့လိုတာ။
အောင်မြင်တဲ့ course တစ်ခု
ဖန်တီးဖို့အတွက် စျေးကွက်သုတေသနလုပ်ရတာ
ဒါတွေရှိမယ်။

ဥပမာ သိန်း ၁၀၀၀ ရှာဖို့ဆိုပါတော့
၁ သောင်းတန်ကို လူအယောက် ၁ သောင်းရောင်းလို့ရတယ်။
10000 MMK x 10000 = 1000 lakh
1 lakh x 1000 = 1000 lakh
2 lakh x 500 = 1000 Lakh

ဘယ်လိုရောင်းမှာလဲ စဥ်းစားကြည့်လို့ရတယ်။

Toe Tet .com တည်ဆောက်ပြီးကတည်းက
Education website တော်တော်များများကို
ပြည်တွင်း၊ ပြည်ပ လုပ်ငန်းစုတွေကို
YEC Company က
လုပ်ပေးဖြစ်တယ်။

၂။ လစဥ်ကြေး membership

Digital Product နဲ့ ပတ်သက်လို့
စွန့်ဦးတီထွင်တွေ၊ influencer တွေကို
အကြံပေးနေကျ business model တွေထဲမှာ
membership fee နဲ့ သွားတာလဲပါတယ်။

သူကတော့ ရေပိုက်သွယ်သလိုပဲ
တခါတည်ဆောက်ပြီး အမြဲငွေဝင်နိုင်တဲ့
recurring revenue ရနိုင်တာမျိုးပေါ့။

အမြင်သာဆုံးကတော့ စာအုပ်အနှစ်ချုပ်ပေါ့။
Book Summaries နဲ့ ပတ်သက်လို့
Dream Lab နဲ့ 2020 March တုန်းက စခဲ့ပြီး
တခြား niche content တည်ဆောက်ချင်သူတွေကို
service ပြန်ပေးခဲ့ဖူးတယ်။

ဥပမာ ကိုယ်က အလှအပရေးရာ၊
အစားအသောက်ရေးရာ၊
စွန့်ဦးတီထွင်ရေးရာကို
ဆောင်ပါးတွေ၊ audio သို့ video တွေ
ပုံမှန်ဖန်တီးပြီး ဝင်ငွေတည်ဆောက်ချင်ရင်
ဒီ content library ငှားတဲ့ လစဥ်ကြေး site တွေ
တည်ဆောက်လို့ရတယ်။
အရင်ခေတ်က magazine လိုပေါ့။
အခုက နည်းပညာရှိတော့ scale လုပ်ချဲ့ထွင်လို့ရပြီ။

နိုင်ငံခြားမှာဆို buy me a coffee တို့၊
patreon တို့ဆို influencer တွေရဲ့
exclusive contents တွေကြိုကြည့်လို့ရတာမျိုးဖြစ်ပြီး
လစဥ်းကြေးနဲ့ subscribe လုပ်ထားလို့ရတယ်။

၃။ Digital Tool ဖန်တီးထား

ဒါကတော့ software တို့၊ app တို့ဖန်တီးပြီး
ငွေရှာတာမျိုးပေါ့။
ဒါနဲ့ ပတ်သက်လို့ Akyanpay .com နဲ့
စမ်းသပ်ခဲ့ဖူးတယ်။
လုပ်ငန်းတွေအတွက်လိုအပ်မည့်
brand, marketing, sales, business model canvas,
business plan တွေအကုန်လုံးကို
website တစ်ခုတည်းမှာ လုပ်နိုင်အောင်
ဖန်တီးပြီး လစဥ်ကြေးနဲ့
software as a service (SaaS) ပုံစံသွားတာမျိုး။
တချို့ developer တွေလဲ
POS တို့၊ Point ဆုတဲ့ software တို့၊ wordpress plugin တို့၊
CRM တို့ ဒါတွေလုပ်ပြီးလဲ ဝင်ငွေဖန်တီးလို့ရတယ်။

၄။ Digital Template ဖန်တီးတာ

Powerpoint template တွေ၊
Design template တွေ၊
အသင့်သုံး excel template တွေ၊
Notion, Trello အစရှိတဲ့ template
အစရှိတဲ့ template တွေဖန်တီးပြီးလဲ
digital product တွေကငွေရှာလို့ရတယ်။

၅။ Youtube Videos

နောက်တစ်ခုကတော့ Youtube Video လုပ်။
Subscriber 1000 နဲ့
တစ်နှစ်အတွင်းကြည့်တဲ့ နာရီ 4000 ကြည့်နှုန်းရှိရင်
ငွေစရှာလို့ရပြီ။
Video တွေတင်ထားပြီး ကြည့်တဲ့သူပေါ်မူတည်ပြီး
Google adsense နဲ့ရှာလို့ရတယ်။

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတည်ဆောက်ဖို့
Digital Product တွေဖန်တီးစို့
အားတီ၊ အားမေတို့။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​