အပြစ်ပြောစရာတွေ၊
စိတ်ညစ်မယ်ဆို ညစ်စရာများလှတဲ့
လူ့လောကမှာ
ဘဝမှာ နေပျော်ချင်ရင်
ကျေးဇူးတင်တတ်တဲ့စိတ်နဲ့
အသက်ရှင်ဖို့ အရေးကြီးတယ်။
ဒီလိုအခြေအနေမျိုးမှာ
လူသားအချင်းချင်း စာနာထောက်ထား
ကူညီပေးနေတဲ့ လူတွေရှိနေသေးတယ်။
ကိုယ်ချစ်ရတဲ့သူတစ်ချို့
ကျန်းမာနေသေးတယ်။
အသက်ကို ဝဝရှူနိုင်နေသေးတယ်။
စားဝတ်နေရေးအတွက် ပူစရာမလိုဘူး။
အနည်းဆုံး ဒီစာဖတ်နေသူက
Facebook သုံးနိုင်နေသေးတယ်။
ဒါတွေက ကျေးဇူးတင်မယ်ဆို
ကျေးဇူးတင်စရာတွေပဲ။
ကျေးဇူးတင်စိတ်ဟာ ကိုယ့်မှာမရှိတာတွေထက်
ရှိတာတွေကို focus လုပ်စေတဲ့အတွက်
Stress လဲ ပိုနည်းသွားမယ်။
Gratitude နဲ့ well-being လုပ်ထားတဲ့
သုသေတနတွေက တွေ့ရှိချက်တွေမတူကြပေမယ့်
ကျေးဇူးတင်စိတ်ထားခြင်းဖြင့်
အများစုဟာ ကိုယ့်ကိုကိုယ်နဲ့
ပေါင်းသင်းဆက်ဆံရေးမှာ တိုးတက်လာတာကတော့
တော်တော်များများ သုသေတနတွေမှာတွေ့ရတယ်။
Phyo Paing @ Derek