Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အိမ်တွင်းမှာ ဖုန်းတွေက ရန်သူပါ။

Digital device တွေ ကျွန်တော်တို့ behavior ကို control လုပ်ထားတဲ့ပုံစံမတူကြဘူး။ ဥပမာ Phone ကိုဖွင့်လိုက်ရင် Facebook လို app ကို အရင်နှိပ်မိတာမျိုး။ ကျွန်တော်တို့ marketer တွေကတော့ လူတွေရဲ့ behavior ကိုလေ့လာပြီး marketing လုပ်ကြတာပေါ့။ ဥပမာ website တစ်ခုကိုဝင်လာတယ်ဆို ဘယ်ခလုပ်ကိုဘယ်လိုနှိပ်ပြီး ဘယ်နားမှာရပ်သွားသလဲ။ ဒီအပေါ်မူတည်ပြီး website design ကို optimize ပြန်လုပ်ကြတယ်။ ဒီနေ့ခေတ်မှာ marketing တင်မကတော့ပဲ product design မှာပါ လူတွေဒီ product နဲ့မခွာနိုင်အောင် စဥ်းစားလာကြတယ်။ ဒီလို Habit-forming products တွေကိုတည်ဆောက်ဖို့ လူတွေရဲ့ psychology ကိုလေ့လာခဲ့ကြတယ်။

မကြာခင်က Netflix မှာ နာမည်ကြီးသွားတဲ့ Social dilemma ဆိုတာ အဲ့ဒီအချက်တွေကို dramatize လုပ်ထားတဲ့ documentary movie တစ်ခုပေါ့။

Computer နဲ့ ဖုန်း အသုံးပြုနေချိန်မှာ မတူညီတဲ့ behavior တွေသတိထားမိလိမ့်မယ်။ ဖုန်းနဲ့ဆို attention span က သိပ်မခံနိုင်တာမျိုး။ လက်မကို အမြဲပဲ ပွတ်နေချင်တာမျိုးဖြစ်တတ်ကြတယ်။

အကောင်းဆုံး solution တစ်ခုက အိမ်ရောက်တဲ့အခါ ဖုန်းကိုသိမ်းထားပြီး computer နဲ့အလုပ်လုပ်တာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Facebook app ဖွင့်လိုက်တာနဲ့ သူကကိုယ့်ကို အပြင်သိပ်မထွက်စေချင်တော့ဘူး။ အရင်နှစ်ကဟာတွေ၊ တခြားသူတစ်ယောက်ရဲ့မွေးနေ့တွေ၊ What’s on your mind တွေနဲ့ အဆုံးမစမရှိ distraction တစ်ခုထဲရောက်ပြီး အလုပ်မပြီးဘူးဖြစ်သွားနိုင်တယ်။

အိမ်အပြင်ထွက်တဲ့အခါ ဖုန်းမရှိလို့ကလဲ မဖြစ်ပြန်ဘူး။ Google map တွေ message တွေနဲ့ဆိုတော့ အကောင်းဆုံး option တစ်ခုက “No phone at home” ဖြစ်နိုင်တယ်။

Phyo Paing @ Derek

Share Your Idea!​