ဆရာတော် Thick Nhat Hanh က
လူတွေ သတိနဲ့နေရင်
အိမ်ပြန်ရောက်တယ်တဲ့။
လူတွေ အိမ်ပြန်ရောက်ရင်
အထီးကျန်တာပျောက်တယ်တဲ့။
အိမ်ဆိုတာ ကျွန်တော်တို့
ခန္ဓာကိုယ်ထဲမှာရှိတယ်။
ခန္ဓာကိုယ်ကြီးကို ပစ်ပြီး
အတွေးတွေနဲ့ ဟိုလျှောက်သွား
ဒီလျှောက်သွားတာ
ဘယ်လောက်များကြာပြီလဲ။
အိမ်ပြန်လာဖို့ နည်းလမ်းက
ကိုယ့်ရဲ့ ဝင်လေ၊ ထွက်လေကို
သတိနဲ့ မှတ်တာတဲ့။
အိမ်ပြန်ရမည့်အချိန်တွေရှိတယ်။
Phyo Paing @ Derek