အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်းက
တွက်ကပ်မနေဘူး။
ခပ်ကြီးကြီး စဥ်းစားပြီး
တချို့အသေးလေးတွေကို စတေးတယ်။
ဘယ်သူ့ကို ဘယ်လိုခိုင်းရမလဲဆိုတာသိတယ်။
ဂါဝရ တရားရှိပြီး
ကိုယ့်ဖက်က အရင်ပေးလိုက်ရမှာ
ရင်းလိုက်ရမှာ တွန့်တိုလေ့မရှိဘူး။
သိထားတဲ့ သတင်းအချက်အလက်ကို
အကောင်အထည်ဖော်တာ အရမ်းမြန်တယ်။
အရာရာကို သိမှ စမယ်ဆိုတာထက်
စရင်းနဲ့ ပိုသိသွားတဲ့လူတွေများတယ်။
ပြဿနာတစ်ခုကြုံရင်
ဘယ်သူ့အပြစ်တင်ရမလဲ စဥ်းစားတာထက်
နောက်တစ်ခါ ဒါမကြုံအောင်
ဘယ်လိုလုပ်မလဲ စဥ်းစားတယ်။
ကြောက်စိတ်တွေကြောင့်
စိတ်ညစ်နေတာထက် အဖြေရှာပြီး
မဖြစ်ဖြစ်အောင် လုပ်တဲ့သူတွေ။
ဘူပိတ်တဲ့ လုပ်ငန်းရှင်တွေကျတော့
ကိုယ့်ဖက် ရဖို့အရင်စဥ်းစားတယ်။
ကိုယ့်ဖက်က အရင်မပေးချင်ဘူး။
အလကား လိုချင်တာများတယ်။
တစ်ခုခုဆို ဟိုလူ့ကြောင့်၊
ဒီလူ့ကြောင့်၊ သူ့ကြောင့်ဒီလို
ဖြစ်သွားတာ ဆိုတာမျိုးလုပ်တတ်တယ်။
အောင်မြင်ရင် သူ့ကြောင့်။
မအောင်မြင်ရင် သူများကြောင့်ဆိုတဲ့သူမျိုး။
အသေးစိတ် တွက်ကပ်ပြီး
အမြင်ကျယ်ကျယ် မထားနိုင်ဘူး။
မသိတာ တစ်ခုအတွက် မာန်မချဘူး။
ငါသိ၊ ငါတတ်။
အောင်မြင်တဲ့လုပ်ငန်းရှင်အများစု
အစချီတာက ကျွန်တော်၊ ကျွန်မက
“ဘားမှ မသိဘူးနော်” အဲ့လိုအစချီပြီး
အောင်မြင်သွားရင်လဲ သူတို့ပဲ။
ဒါကတော့ ဘဝမှာ လေ့လာမိတဲ့
လုပ်ငန်းရှင်တွေ အကြောင်း။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay