အသက်အရွယ်တစ်ခုရောက်လာတော့
အောင်မြင်မှုဆိုတာ
ဘဝနေထိုင်မှု lifestyle တစ်ခုဆိုတာ
နားလည်လာတယ်။
အောင်မြင်မှုဆိုတာ တခဏဟန်ဆောင်လို့
ရတဲ့ အရာ မဟုတ်ဘူး။
“ကိုယ့်မှာရှိတာထက် ပိုမသုံးဖို့”
အနာဂတ်အတွက် ခြိုးခြံခြွေတာဖို့
Live below your means ဆိုတာ
အမြဲလက်ခံတယ်။
ကိုယ်နေထိုင်နေတဲ့ ဘဝနေထိုင်မှုကို
အခြေအနေဘယ်လိုဖြစ်သွားပါစေ
ဒုက္ခမရောက်သွားဖို့လိုတယ်။
ဒါကြောင့် ငွေကြေးစီမံခန့်ခွဲမှုအရေးကြီးတာ။
မဟုတ်ရင် အရှင်လတ်လတ်
ကိုယ်မလုပ်ချင်တဲ့အလုပ်ကို
မမြင်ချင်တဲ့သူတွေနဲ့
နေ့တိုင်းလုပ်ပြီး
ကိုယ်မကြိုက်တဲ့သူတွေ အထင်ကြီးဖို့
ကိုယ့်ကိုယ်ကိုယ် ငြင်းဆဲနေမိမယ်။
Phyo Paing @ Derek