Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဦးဆောင်တဲ့သူတစ်ယောက်က
အနာဂတ်ကို ကြိုတင်စဉ်းစားပြီး
ပြင်ဆင်သင့်တာ ပြင်ဆင်ရတယ်။

တဖက်သူ opponent ရဲ့
ရွေ့နိုင်တဲ့အကွက်တွေကို
ကြိုတင်မှန်းဆတွက်ချက်ရသလို
ကာကွယ်မှု၊ လက်ဦးမှုကြိုတင်လုပ်ရတယ်။

ဘဝဆိုတာ ဇာတ်ကားထဲကလောက်
မရိုးရှင်းဘူး။
မေတ္တာစေတနာတစ်ခုတည်းနဲ့
အရာရာအဆင်ပြေမသွားဘူး။
အရာရာဟာ power dynamics ပဲ။

အရင်ကတော့ စေတနာ၊ မေတ္တာနဲ့ပဲ
အရာရာကို အုပ်ချုပ်အလုပ်လုပ်တယ်။
အခုတော့ Power Dyanmics ပဲ။

ရောင်းသူနဲ့ ဝယ်သူမှာလဲ
Bargaining power ချိန်ငြိကြရတာ
Porter’s 5 forces လေ့လာဖူးရင်
သိမှာပဲ။

အရာရာက Power ဖြစ်တဲ့အတွက်
ဒီအရာကို လျော့မတွက်သင့်ဘူး။

Game of Thrones ထဲကလိုပေါ့။
Knowledge is power လို့အော်နေချိန်မှာ
ဖမ်းပြီး ဒူးထောက်ဖို့အမိန့်ပေးလိုက်တယ်။
နောက်ပြန်ပြောတာ ဘာတဲ့။
“Power is Power” တဲ့။
Knowledge ဆိုတာ potential power ပဲ။
ဒါကို action နဲ့ တွဲမှ တကယ့် power ဖြစ်မှာ။

ဒီတော့ Power တွေအားပြိုင်နေတဲ့
လူ့လောကမှာ game theory ဆိုတာ
ပေါ်လာတာပေါ့။

Relationship, Biology, Economics,
Business အကုန်လုံးမှာ
ပြိုင်ဆိုင်မှုရှိရင်၊ well-formed outcome ရှိရင်
game theory ကို အသုံးပြုလို့ရလာတယ်။

Phyo Paing @ Derek

Share Your Idea!​