freedom နဲ့ ထီးနန်းမှာ
ဗုဒ္ဓကတော့ freedom ကိုပဲရွေးခဲ့တယ်။
တကယ့် freedom က
ဂိမ်းတစ်ခုလိုဆို အဆင့် ၃၁ ရှိတဲ့
၃၁ ဘုံ အပြင်ဖက်မှာလို့ဗုဒ္ဓက
ဟောကြားခဲ့တယ်။
၃၁ ဘုံဂိမ်းကို မကစားချင်တော့ဘူး၊
တကယ့်လွတ်လပ်မှုကိုရချင်ရင်
သတိပဋ္ဌာန် တရားရှိပြီး
တဏှာနဲ့ တပ်မက်မှုကို အမြစ်ဖျောက်ရမယ်တဲ့။
ဗုဒ္ဓက စွန့်စရာထီးနန်းရှိတယ်။
ကိုယ့်မှာလဲ အဲ့လိုစွန့်စရာရှိအောင်
လောကီကို အနိုင်နဲ့ပိုင်းပြီး
၃၁ ဘုံဂိမ်းထဲကထွက်ဖို့ ကြိုပြင်ထားဖို့လိုနိုင်တယ်။
Phyo Paing @ Derek