Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

၅ မိနစ်နဲ့ စတင်ပါ။

တရားထိုင်ဖို့ခက်နေရင်
ငါးမိနစ် alarm ပေးပြီးစကြည့်။
ကိုယ့်လုပ်ငန်းအကြောင်း
စဥ်းစားဖို့ ခက်နေရင်
ငါးမိနစ် alarm ပေးပြီးစစဥ်းစားကြည့်။
စာဖတ်ဖို့ခက်နေရင်လဲ
ဒီအတိုင်းပဲ။
တစ်နာရီ၊ နှစ်နာရီလောက်လုပ်မယ်ဆိုတာထက်
စတဲ့အခါ ငါးမိနစ်နဲ့ စကြည့်။
ပြီးမှ တိုးချင်ရင် ဖြေးဖြေးတိုးသွား။

Expectation Management
မျှော်မှန်းချက်တွေကို စီမံခန့်ခွဲမှုက
ထင်ထားတာထက် ပိုခက်တယ်။
ဥပမာကိုယ်က တစ်နာရီထိုင်မယ်လို့
စဥ်းစားပြီး ၄၅ မိနစ်ပဲထိုင်မိရင်
ကိုယ့်ကိုကိုယ် အားရရမည့်အစား
loser ဆိုတဲ့ စိတ်ခံစားရတတ်တယ်။
ဒီတော့ ၅ မိနစ်ပဲထားခြင်းဟာ
သူ့ထက်ပိုတဲ့အရာတိုင်းဟာ
အောင်မြင်မှုဆိုတာ ခံစားရလိမ့်မယ်။

ToeTet Insider’s Note လုပ်တုန်းကလဲ
အလားတူပဲ။
နှစ်ပတ်လောက်ပဲ လုပ်မယ်လို့
စဥ်းစားခဲ့တာ။
ဒီနေ့ဆို 188 ရက်နေ့မြောက်နေ့ဖြစ်လာပြီ။

မျှော်မှန်းချက်တွေကို
အနည်းဆုံးထားထားပါ။
ဒါက ပိုစိတ်ချမ်းသာရတယ်။
ငါးမိနစ်နဲ့စပါ။
လောင်ဇူးပြောသလို
မိုင်ထောင်ချီတဲ့ ခရီးကို
ခြေတစ်လှမ်းနဲ့ စခဲ့ကြတယ်။

Phyo Paing @ Derek

Share Your Idea!​