Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တစ်ခုခုကို သေချာဇောက်ချလုပ်ရင်

အသက်အရွယ်တစ်ခုရောက်လာရင်
ကျွမ်းကျင်မှုတစ်ခုရှိလာမယ်။
ဒီကျွမ်းကျင်မှုက စီးပွားရေးတစ်ခု
ဖြစ်လာနိုင်တယ်။

ဒီ expertise ကျွမ်းကျင်မှုကို
ဝင်ငွေဖြစ်အောင်ပြောင်းလို့ရတယ်။

ကိုယ်လုပ်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့တူတဲ့
ဒီစာအုပ်ကိုဖတ်ရင်း ပြန်စဉ်းစားမိတယ်။

၂၀၀၅ အင်တာနက်မှာ Mirc ဖွင့်
asl pls လို့ပြောတဲ့ခေတ်။
Naughty_Boy ဆိုပြီး အသေ chat တဲ့ခေတ်။
Meebo တို့လို social message app တွေမှာ
မီးသွားသွားမွေးတဲ့ခေတ်။
တရုတ်ပြည်က ဘွန်ဆိုင်းတွေ
သူငယ်ချင်းနဲ့ပေါင်း တင်သွင်းပြီး
တရုတ်ကို သာလိကာ ပြန်ပို့တဲ့နှစ်။

၂၀၀၆ လောက်က စဥ်းစားမိတယ်။
ငါ ၂၀၁၂ ဇန်နဝါရီ မှာ ဘွဲ့ရလို့
ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း
မပြုပဲ အသစ်က ပြန်စရမယ်ဆို
ဘယ်လို ကျွမ်းကျင်မှုတွေလိုမလဲ?

သေချာတာတစ်ခုက ပညာရပ်အသစ်
ပြန်သင်ယူရမယ်။
ဒီတော့ “သင်ယူခြင်း”ဆိုတာ
လုပ်ရမှာဖြစ်တဲ့အတွက်
ဒီသင်ယူခြင်းဖြစ်စဥ်ကို ဘယ်လိုနည်းနဲ့
ချုံ့လို့ရမလဲလေ့လာကြည့်တော့
မှတ်ဥာဏ်ကောင်းနည်း၊ စာမြန်မြန်ဖတ်နည်း၊
ဒီလို နည်းလမ်းတွေသွားတွေ့တယ်။
ဒီ memory training နဲ့ speed-reading တို့ဟာ
မြန်နှုန်းမြင့်သင်ယူမှု accelerated learning ထဲ
ပါတယ်ဆိုတာ သိလာပြီး
ဒါကိုပဲ ပိုးစိုးပက်စက် လေ့လာလိုက်စားတယ်။

၂၀၀၇ လောက်ကျတော့ ဆေးရုံစသွားရတော့
ကိုယ်မပျော်တဲ့ ပတ်ဝန်းကျင်မှာ
တော်တော် ရုန်းကန်ရတယ်။
စိတ်ဓာတ်လဲ ကျချင်သလိုလိုဖြစ်တော့
စိတ်ပညာနဲ့ ပတ်သက်လို့လိုက်ရှာကြည့်တယ်။
Positive psychology ဆိုတာသွားတွေ့တယ်။
NLP တို့၊ NAC တို့အပြင် တက်ကျမ်း
လောက ကိုသွားတွေ့တယ်။

၂၀၀၈ လောက်မှာ သင်တန်းတစ်ခု
ရောက်သွားတယ်။
စင်ပေါ်မှာ စကားထွက်ပြောရတော့
ဒူးတွေတုန်၊ ချွေးတွေထွက်တယ်။
စကားထစ်အထစ်အနဲ့
ကိုယ်ပြောချင်တာ မပြောခဲ့ရဘူး။
ဒါနဲ့ public speaking စာအုပ်ဖတ်လိုက်
ကိုယ်ဖတ်ထားတဲ့အကြောင်းအရာတွေကို
သူငယ်ချင်းတချို့ကို ပြန်ပြောပြလိုက်နဲ့
နည်းနည်း အဆင်ပြေလာတယ်။

၂၀၀၉ မှာ သူငယ်ချင်းတစ်ယောက်က
နိုင်ငံခြားကပြန်လာပြီး iPhone
ပြန်ရောင်းတာနဲ့ ဝယ်လိုက်ပြီး
ကလိကြည့်တယ်။
အဲ့ခေတ်က Lazypanda တို့လို app နဲ့
ipa file တွေ ထည့်တဲ့ခေတ်ပေါ့
iTunes account တွေဖွင့် jailbreak လုပ်
Cydia ထည့်တဲ့ခေတ်။
ဒါနဲ့ ဖုန်း software ထည့်ပေးရင်း
ဝင်ငွေတစ်ခု စရလာတယ်။
ဘီယာနဲ့ အရက်လဲစသောက်တတ်လာတယ်။

၂၀၁၀ မှာ နောက်ဆုံးနှစ်စာမေးပွဲ
ဖြေရမယ့်အချိန် အချိန်ဆွဲလိုက်၊
အလုပ်မတွင်ဘူးဖြစ်တယ်။
ဒါနဲ့ အလုပ်ပြီးမြောက်ဖို့ လေ့လာရင်း
productivity ဆိုတဲ့ နယ်ပယ်နဲ့
စထိတွေ့မိတယ်။

၂၀၁၁ iPhone 4S ထွက်တဲ့အချိန်၊
Steve Jobs သေတဲ့နှစ်၊
4S ကို For Steve ဆို စတင်စားနဲ့နှစ်၊
Siri ကို စတင်မိတ်ဆက်တဲ့နှစ်၊
Xiaomi ဖုန်းတွေ MIUI တွေစခေတ်စားတဲ့နှစ်၊
အလုပ်သင်ဆရာဝင်အဖြစ်ဝင်ရတဲ့နှစ်၊
MMUC လို့ခေါ်တဲ့ Myanmar Mobile User Club ကို
ဆရာ Dr. ဦးမောင်မောင်ဦးက MMUC လုပ်မယ်ဆိုပြီး
Group စထောင်
iPhone Vs Android နဲ့ ပွဲစဆူလိုက်တဲ့နှစ်။
ငါဒီတစ်နှစ်ပြီးရင် ဆေးရုံမှာ
ဒီလိုနေရတဲ့ဘဝကြီးကို မကြိုက်ဘူးဆိုတာ
ကြိမ်းသေသွားတဲ့နှစ်။
ဘဝဆိုတဲ့ အဓိပ္ပာယ်ကို ရှာဖွေရင်း
အတွေးအခေါ်ပညာ Philosophy နဲ့
စတင်ရင်းနှီးတဲ့နှစ်။

၂၀၁၂ မှာ မှတ်မှတ်ရရ Feb လမှာ
Edx တို့၊ Coursera တို့လို MOOC တွေက
Online Course တွေကို လေ့လာလို့ရပြီးဆိုတဲ့အချိန်။
Management လေ့လာဖို့ ရန်ကုန် RC2 သွားတဲ့နှစ်၊
ABE Graduate Management စတင်လေ့လာတဲ့နှစ်။
လိုချင်တဲ့အလုပ်လျှောက်တာ မရလို့
ခေါင်းစားတဲ့နှစ်။
တရုတ်က ICBC bank မှာ အကောင့်ဖွင့်
Alibaba က ပစ္စည်းတွေမှာ
Online Business ဘာညာသာရကာလုပ်တဲ့နှစ်။

၂၀၁၃ အရောင်းပညာ၊ စီမံခန့်ခွဲမှုပညာကို
နိုင်ငံတကာ ကုမ္ပဏီကြီးမှာ ဘယ်လိုလုပ်လဲဆိုတာ
မျက်မြင်ကိုယ်တွေ့ လေ့လာလို့ရတဲ့နှစ်။
သင်ထားတဲ့ Management တွေက
တကယ် အသုံးချတယ်ဆိုတာသိခဲ့တဲ့နှစ်။
B2B အရောင်းဘယ််လိုသွားတယ်၊
Product Launch ဘယ်လိုလုပ်တယ်၊
Project Management ဘယ်လိုလုပ်တယ်၊
CRM နဲ့ ERP ကို ဘယ်လိုသုံးတယ်၊
CHRIS common human resource
information system ကို ဘယ်လိုသွားတယ်၊
Orientation နဲ့ Training ကိုဘယ်လိုသွားတယ်၊
Leadership Coaching ကို ဘယ်လိုလုပ်တယ်၊
Office အတွင်း politics တွေကို
ဘယ်လို ကစားရတယ်၊
နိုင်ငံခြားကလာတဲ့ Country head တွေ
ဘယ်လို စဥ်းစားတယ်။
သူတို့ Career ဘယ်လို တည်ဆောက်တယ်။
တကယ့် ဘဝမှာ မျက်စိအများကြီး
ပွင့်သွားတဲ့နှစ်။
MBA စတက်တဲ့နှစ်။
Part-time စာစသင်တဲ့နှစ်။

၂၀၁၄ Oredoo ကို June လမှာ
စတင်မိတ်ဆက်တဲ့နှစ်။
ဖုန်းဆိုင်စဖွင့်တဲ့နှစ်။
တောင်းတောင်းပန်ပန်နဲ့ ဆိုင်ပိတ်ပါပြီလို့
တောင်းပန်ပြီးဆိုင်ပိတ်ရတဲ့နှစ်။
ည ၁၂ နာရီဆိုင်ပိတ်၊ မနက် ၄ ခွဲ
ဆိုင်ဖွင့်ပြီး စီးပွားရေး
ရေရေလည်လည်တောင်းကြမ်းတဲ့နှစ်၊
Xiaomi 3 နာမည်ကြီးတဲ့နှစ်
Redmi 1S ထွက်တဲ့နှစ်၊
Huawai G710 ကို တစ်သိန်းကျော်နဲ့
ရောင်းရတဲ့နှစ်။
ငွေစျေး ၈၀၀ အောက်လေးရောက်တဲ့နှစ်။
လူတွေ Facebook အကောင့်ကို
၆ ထောင်နဲ့ ဖွင့်တဲ့နှစ်။

၂၀၁၅ YEC Learning Center ကို
သုံးသိန်းရင်းပြီး စတင်ဖွင့်တဲ့နှစ်။

ဖြတ်သန်းမှု ခရီးစဥ်ကိုကြည့်လိုက်ရင်
နှစ်ခုကို သွားတွေ့တယ်။
ကျွန်တော်ကျွမ်းကျင်တာက
လူတွေရဲ့ Productivity တိုးတက်အောင်
ကူညီပေးဖို့နဲ့
အမြတ်ငွေ Profit များအောင်ကူညီဖို့။

၂၀၁၆ Social Media မှာ
ကိုယ့်နာမည်နဲ့ Page ကို စဖွင့်တယ်။
Blogging and Vlogging လုပ်တယ်။
ကိုယ့်ကျွမ်းကျင်မှုကို monetize လုပ်ဖို့
သင်တန်းသင်တယ်။

၂၀၁၇ မှာ Training of Trainer သင်သလို
ရန်ကုန်မှာ သင်တန်းတွေစတယ်။
Speaking engagement စလုပ်တယ်။

၂၀၁၈ မှာ Corporate Training နဲ့
Coaching နဲ့ Consulting ကို ထဲထဲဝင်ဝင်စဖြစ်တယ်။
Life Coaching နဲ့ စတယ်။
နောက် Business Coaching သွားတယ်။

၂၀၁၉ မှာ Digital Products တွေဖန်တီးတယ်၊
ToeTet စတယ်။
Website တွေ၊ App တွေ တည်ဆောက်တယ်။
Podcast လုပ်တယ်။

၂၀၂၀ မှာ Dream Lab နဲ့ Digital Seed
Web Development Agency စတယ်။
Business Plan တွေတည်ဆောက်လို့ရတဲ့
Akyanpay လုပ်တယ်။

၂၀၂၁ မှာ
Marketing + Partnership Business (Equity-sharing)
သွားတယ်။
Team ကို Scale စလုပ်တယ်။

၂၀၂၂ မှာ Software As a Service (SaaS) ကို
အားထည့်ဖို့ လုပ်တယ်။

ဒီစာအုပ်ထဲက ကျွန်တော်သွားခဲ့တဲ့
ဖြစ်စဥ်တွေရဲ့ ၇၀% လောက်ကို
ဖော်ပြထားတယ်။

Harvard Business Review ကထုတ်တဲ့
Dorie Clark ရဲ့ စာအုပ်ကောင်းတစ်အုပ်ပဲ။

Phyo Paing @ Derek

Share Your Idea!​